Sunday 12 August 2012

ပေါ်လွင်သော အလှတရားများ......


က မ္ဘာလောကကြီးသည် ကြည့်မှန်နှင့်တုပါသည်။ပြုံးသောမျက်နှာဖြင့်မှန်ကိုကြည့်လျှင် သင့်အားပြုံးလျက်ပြန်ကြည့်နေသောမျက်နှာကို မှန်ထဲတွင်တွေ့ရပါလိမ့်မည်။ တင်းမာနေသောမျက်နှာ ဒေါသထွက်နေသောမျက်နှာဖြင့် မှန်ထဲကြည့်လျှင် မလှမပသော အရုပ်ဆိုးသည့်မျက်နှာသာ ရောင်ပြန်ဟပ်လာသည်ကိုတွေ့ရပါလိမ့်မည်။ အလားတူပင် မေတ္တာ၊ စေတနာ၊အကြင်နာများနှင့် ပြုမူပြောဆိုခဲ့လျှင် မေတ္တာ၊ စေတနာ၊ အကြင်နာဟူသော ကောင်းမြတ်သောသဘောများ သင့်ထံသို့ပြန်လာပါလိမ့်မည်။ စိတ်နှလုံးသားတွင်ကောင်းမြတ်သောကောင်းမှု စေတနာများပျိုးထောင်ခဲ့လျှင် ထိုကောင်းစိတ်များသည် ကောင်းသောစကား၊ ကောင်းသောလုပ်ရပ်များ ဖြစ်ပေါ်လာစေပါလိမ့်မည်။ ထိုကောင်းမြတ်သောစကားနှင့် လုပ်ရပ်တို့သည် အခြားအလှများထက် မြင်သာပေါ်လွင်လှသော အလှများဖြစ်ပါသည်။

မေတ္တာဖြင့်  ... အရှင် ၀ိသေဌ.......။

No comments:

Post a Comment