Sunday 12 August 2012

ပျင်းရိခြင်းသည် သူသေ နှင့်တူ၏..... ထိုကြောင့် မပျင်းနဲ့...။


ဤခန္ဓာကိုယ်ကြီး၏အတွင်း၌ ကောင်းမြတ်သောအရာ၊ မြဲခိုင်သောအရာဟူ၍ ဘာတစ်ခုမျှမရှိပါ။ အလိမ္မာစသောဂုဏ်များသည်ကား အလွန်စင်ကြယ်၏။ မစင်ကြယ်သောခန္ဓာကိုယ်ကြီးဖြင့် စင်ကြယ်သောဂုဏ်သတင်းများကိုရအောင် အားထုတ်လိုက်ကြပါလော့။
     ငါတို့ဗုဒ္ဓဘာသာဝင်များသည် မအိုမသေအမြဲနေရာနိဗ္ဗာန်ကိုပင် မြော်မြင်မှန်း၍ မရရအောင် အားထုတ်ကြကုန်သေး၏။ ယခုဘဝကြီးပွားရေး၊ စီးပွားရေး၊ ပညာရေးလောက်ကိုပဇာမူ၍ ကြောက်ရမည်နည်း။ လုံ့လဝီရိယကင်း၍ အဖျင်းစားအပေါစားလုပ်နေသော်လည်း ဤခန္ဓာကိုယ်ကြီးသည် ပို၍မကျန်းမမာ ပို၍အသက်မရှည်တော့ပြီ။
     စင်စစ်သော်ကား ပျင်းနေသည့်အတွက် ခန္ဓာကိုယ်မှအခိုးအငွေ့တွေ အပြင်သို့မထွက်ရသောကြောင့် အေးစက်စက်ဖြစ်ကာ ပို၍မကျန်းမမာဖြစ်သေး၏။ ထိုမကျန်းမာမှုကြောင့် အပျင်းထူသူမှာ အသက်တိုဖွယ်သာပိုများ၏။ ပျင်း၍အလုပ်မလုပ်သောသူသည် သာ၍ပျင်းစရာဖြစ်နေပါလိမ့်မည်။ လုံ့လဝီရိယမှန်မှန်ဖြင့်အလုပ်လုပ်နေသူကို လူတွေကလည်းကြည်ညို၊
နတ်တွေကလည်းစောင့်ရှောက်လို၏။ ရှေးကံတွေကလည်း အကျိုးပေးခွင့်သာ၍ လှလှပပအကျိုးပေးကြသည်။ ထို့ကြောင့်လုံ့လရှိသူအဖို့မှာ လောကကြီး၌ ပျော်စရာကိုသာတွေ့ရပါလိမ့်မည်။
     ဤနေရာ၌ရှေးကံအကြောင်းကို အနည်းငယ်ရှင်းပါမည်။ ရှေးကံများသည် အလွန်အားကောင်းသောကံ သာမာန်လောက်သာအားရှိသောကံဟု နှစ်မျိုးရှိ၏။ ထိုတွင်ပထမကံမျိုး၏အကျိုးပေးပုံသည် အလွန်ထင်ရှား၏။ ဒုတိယကံမျိုးမှာ မထင်ရှား။ သူများနည်းတူသာရစေနိုင်၏။ ထိုကံသည်လူ့လောက၌ သူတို့ချည်းအကျိုးပေးဖို့ခက်ခဲသဖြင့် အကျိုးပေးခွင့်ရအောင် ဉာဏ်၊ ဝီရိယနှင့် သတိဟူသော ပယောဂက ကူညီပေးရေးသည် အရေးကြီးလေသည်။
     ထို့ကြောင့်လူတစ်ယောက်တွင် တစ်နေ့အဖို့၌ ကုသိုလ်၊ ဥစ္စာ၊ ကျန်းမာရေး၊ အတတ်ပညာ၊ တန်ခိုးဂုဏ်သိန် ဤ(၅)မျိုးတွင် တစ်မျိုးမျိုးမှအကျိုးမရပဲ ကုန်သွားသောနေ့သည် ဝမ်းနည်းစရာ လွန်စွာအသုံးမကျ၊ မသေခင်ကအသေဖြစ်ရသော နေ့ပင်တည်း။
     ထို့ကြောင့်ရှင်လျက်နှင့်သေသူမဖြစ်ရအောင် ယခုမှစ၍ကြိုးစားအားထုတ်ကြပါလော့။



No comments:

Post a Comment