Saturday, 10 March 2012

ထိချက်ပြင်းသော ဗဟုသုတများ ...............။


1 .သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ

ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။

2 .ကိုယ့်ကိုယ့်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ်

ရဲရဲကြီး ပြင်လိုက်ပါ။

3 .အမှားအယွင်းတွေ၊ ချို့ယွင်းချက်တွေကို မကြောက်တဲ့သူ အမှားထဲက

ပညာရအောင် ယူတတ်တဲ့သူဟာ အမှားကိုပဲ ကောင်းတဲ့ဘက်က

အကျိုးရှိအောင် ယူနိုင်လို့ မှားတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့

အတွေ့အကြုံတစ်ခု ဖြစ်သွားတယ်။

4 .အကောင်းကို အဆိုးဖြစ်အောင် မြင်တတ်တာဟာ အသိအမြင်

မှားယွင်းမှူတွေထဲမှာ အဆိုးဆုံး၊ အထိခိုက်ဆုံး အမှားမြင်ပုံပဲ။

5. အဆိုးတွေ ဘယ်လောက်ကြုံရကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီး
လုပ်သင့်တာကို ဆက်ပြီး လုပ်နိုင်ရမယ်။ ဒါကြောင့် စိတ်ကို သိနေတဲ့

အလေ့အကျင့် ရှိဖို့ သိပ်အရေးကြီးတယ်။

6 .ကိုယ့်အဆိုးကို လက်ခံနိုင်မှသာ အဲ့ဒီ့အဆိုးဟာ အကောင်းဘက်ကို

တဖြည်းဖြည်း ပြောင်းသွားမယ်။ လက်မခံနိုင်သေးသရွေ့ ဖုံးကွယ်

ထားသရွေ့ အကောင်းဖြစ်မလာနိုင်ဘူး။

7 .အမှန်တော့ ဘ၀နဲ့ ပတ်သက်ပြီး အလေးနက်ဆုံး အသိဉာဏ်ကို

အဆိုးနဲ့ ကြုံရပြီး အဆိုးကို ခံနိုင်ရည် ရှိပြီးတော့ ဒိအဆိုးထဲက

အသိဉာဏ်ရပြီး လွန်မြောက်လာတဲ့သူတွေကမှ ရတယ်။

8 .သူတပါး အပြစ်ကို ထောက်ပြရုံနဲ့ ကိုယ့်အပြစ်က ပျောက်မသွားဘူး။

9 .စေတနာဆိုးနဲ့ လုပ်တာတွေ အားလုံးဟာ ကိုယ့်စိတ်ထားကို
အောက်တန်းကျသွားစေတယ်။
10 .ဘ၀တစ်ခုလုံးဟာ လက်တွေ့ စမ်းသပ်မှူ လုပ်နေတာပဲ။ အမှားတွေကို

များများပြင်နိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။

11.တစ်ချို့ လူတွေဟာ မှားနေမှန်း မသိဘူး။ တစ်ချို့တော့ မှားနေမှန်း

သိပါလျက်နဲ့ မပြင်ချင်ဘူး။ အဲ့ဒီ့လို လူတွေဟာ အသိဉာဏ် မကြီးထွားဘူး၊

မတိုးတက်ဘူး။
12 .မမှားဘူးတဲ့သူ မရှိပါဘူး၊ အမှားကင်းဖို့ ဆိုတာလည်း သိပ်တော့

မလွယ်ဘူး။
13 .အမှားနဲ့ဖို့ပဲ ကြိုးစားရမှာ၊ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားဖို့

မလုပ်မိဖို့ပဲ လိုပါတယ်။

14 .သူများမှားလို့ ကိုယ်ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုဆိုးပါတယ်။


15 .ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့် ကျေးဇူးရှင်လို့ သဘေားထားပါ။

16 .အသေးအမွှား အဆိုးတွေကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကို

မခံချင်ရင် အရေးကြီးတဲ့ အလုပ်၊ တန်ဖိုးရှိတဲ့ အလုပ်တွေကို အချိန်ပြည့်
လုပ်နေပါ။

17 .အကောင်းအဆိုး နှစ်မျိုးစလုံးကို နားလည်လက်ခံပြီး ခံနီုင်ရည်ရှိမှ ပိုပြီး

ရင့်ကျက်တဲ့သူ ဖြစ်မယ်။

18 .ကိုယ်က သူများကို အပြစ်တင်နေတာ ရှူံ့ချနေတာဟာ သူဘယ်လိုလူ

ဆိုတာ တကယ်တော့ သိပ်မပေါ်လွင်ဘူး၊ ငါဘယ်လိုလူ ဆိုတာတော့

သေသေချာချာ ပေါ်လွင်သွားပြီ။

19 .တကယ်ကြီးတဲ့ ထိရောက်တဲ့ တန်ဖိုးရှိတဲ့ ကိုယ့်အတွက် စိတ်ကျေနပ်မှူ

အများဆုံးရတဲ့ အလုပ်၊ ကိုယ့်အရည်အချင်းတွေလည်း အများဆုံးထုတ်ပြီး

သုံးရတဲ့ အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးနေဖို့ မသင့်ဘူး။
20 .သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲ့ဒီအပြစ်မျိုး ကိုယ့်မှာ ရှာကြည့်ပါ။

ရှိနေတတ်တာပဲ များပါတယ်။ သူတစ်ပါးမှာ ကောင်းတာ မြင်ရင်လည်း

အဲ့ဒီလို ကောင်းတာ ငါ့မှာကော မရှိဘူးလား။

21 . ရှိရင် ကောင်းပါတယ်။ ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်။

မရှိသေးရင်တော့ ရှိလာအောင် ကြိုးစားရမယ်။

22 .တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ

တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ။

23 . အလေးနက်ဆုံး အသိဉာဏ်ကို ဘ၀တွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊

စာအုပ်ထဲက မရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပဲ။

24..ကိုယ့်ကိုယ်ကို ဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။

25..ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲချင်ရင် ငါ ဘာကို ကြောက်တာလဲ၊

ဘာကို မုန်းသလဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ပါ။ အဲဒီ့က စ, ပါ။

26 .သူများအပြစ်ကို များများရှာပြီး ပြောနေတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို
ကိုယ်ချတာပဲ။


27 .သူများကို ဂုဏ်သိက္ခာချပြီးမှ ကိုယ့်ဂုဏ်ကို တင်လို့ရမယ့် ဘ၀ကို ရောက်နေရပြီ။

ဆရာတော် ဇောတိက (မဟာမြိုင်) 


Friday, 9 March 2012

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က ဆုံးမစာ အချက်(၂၀ )


၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ
ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။

၂) ငါ လစ်လျှုခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။

၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။

၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။

၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။

၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။

၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။

၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။

၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။

၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။

၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။

၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။

၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။

၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။

၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။

၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။

၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။

၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မဖြတ်လှန်နေပြီ။

၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

Thursday, 8 March 2012

ငြိမ်းချမ်းသော အသိတရားဖြင့် သေမင်းကို ရင်ဆိုင်မယ် ...........။


လူတိုင်းသည်ပင်လျှင် မိမိ၏ ဘ၀တစ်လျှောက်လုံး တာဝန်ဝတ္တရားများကို

ဖြည်ကျင့်ပြီးသည့်အခါ ငြိမ်းချမ်းသော သေဆုံးခြင်းကို အလိုရှိကြပါတယ် ။

သို့သော်  အဆုံးသတ်ခြင်းအတွက် လူဦးရေ မည်မျှလောက်က  အမှန်တကယ်

ပြင်ဆင်ထားကြပြီလဲ ။

ဥပမာအားဖြင့် လူမည်မျှတို့  သူတို့၏ မိသားစုများ ချစ်ခင်သောသူများ မိတ်ဆွေများ

နိုင်ငံနှင့် လူမျိုး ဘာသာတရားနှင့် မိမိတို့၏ ဘ၀ပန်းတိုင်များ အတွက်  တင်ရှိနေသည့်

တာဝန်ဝတ္တရားများကို  ဖြည့်ကျင် ရန် ကြိုးပမ်းခဲကြသလဲ တာဝန်ဝတ္တရားများကို 

မဖြည့်ကျင်ခဲလျှင်  သူတို့ ငြိမ်းချမ်းစွာဖြင့်  သေဆုံး ဖို့ခဲယဉ်ပါလိမ်မည်။

ပထမဆုံး ဦးစားပေး အနေဖြင့်  လူများသာမက နတ်မြဟ္မာများပါ မလွဲမသွေ

ရင်ဆိုင်ကြရမည် သေခြင်းတရားကို ကြောက်ရွံနေသည်  စိတ်ထားအားကျော်လွှား

နိုင်အောင် သင်ယူဆည်းပူးနေရမည် ။

လက်ရှိအချိန်ပိုင်းကလေးကို  အလဟဿ မကျော် သွားပါစေနှင့် ။ မရပ်မနား

ပြေးလွားနေကြသည့်  အချိန်ကို  အလေးမထားဘဲ ပေါ့ပေါ့ တန်တန်

ကုန်လွန်စေကြသောကြောင့်  လူတို့သည်  ဘ၀နံဂုံး အဆုံးပိုင်းသို့ ချဉ်ကပ်လာကြသည်

အခါ  ကြီးကျယ်စွာသော  နောင်တရားနှင့်  ပူဆွေးကြရလိမ်မည်။

မိမိတို့၏ တာဝန်ဝတ္တရားများကို  မဖြည်ကျင့် သောသူတို့သည် မည်သူ


မည်ဝါပင်ဖြစ်စေကာမူ  ဘ၀သူတို့အား လူသားအဖြစ် မွေးဖွားလာခြင်းသည် 
အချည်းအနှီးပေတည်း ။


ထိုကြောင့် ကျွန်ုပ်တို့၏  တာဝန်များကို ကျွန်ုပ်တို့လျစ်လျူးမရူသင့်ပါ။ တာဝန်ကို


ကျေပွန်စွာ ၇ွက်ဆောင် ခြင်းဖြင့်  သေခြင်းတရားကို  ရဲဝံစွာ ငြိမ်းချမ်းစွာ

ရင်ဆိုင်နိုင်အောင် ကျွန်ုပ် တို့  ပြင်ဆင်ထားရမည်။


ထိုနောက် တစ်နေ့နေ့ တွင် ဆင်းရဲ ခြင်းအားလုံးမှ ကင်းရှင်းနေသည့် မအိုရာ  မနာရာ

မသေရာ အခြေ အနေကို ကျွန်ုပ်တို့ ရရှိကြလိမ်မည်။

ကျွန်ုပ်တို့သည် လူသားတို့၏ ချမ်းသာပျာ်ရွှင်မူကို  တစ်စုံတစ်ရာ အကျိုးဆောင်ပေးရန်

အတွက် ကမ္ဘာလောကတွင် မွေးဖွားလာကြသည်ကို  သိနားလည် ရန်

အရေးကြီးပါသည်။ ကျွန်ုပ်တို့ အဖို့ လုပ်ဆောင်ခဲကြသော  အရာတို့ထက်  လူသားတို့

အဖို့ ကျွန်ုပ်တို လုပ်ဆောင်ခဲကြသော အရာတို့က  ကျွန်ုပ်တို့အား လူသားတို့ကို ပို

အမှတ်ရနေစေပါလိမ်မည် ။

မြတ်ဗုဒ္ဓကလည်း သို့  မိန့်ဆိုတော်မူခဲဘူးပါ၏ ။

လူသားများ၏ ခန္ဓာကိုယ် သည်  မြေ့မှုန်းများ အဖြစ်သို့ ကူးပြောင်းသွားလိမ်မည် ။

သို့သော် သူ၏ သြဇာဂုဏ်သတင်းနှင့် အကျိုးဆောင်မူတို့ကား  ကျန်ရစ်နေလိမ်မည် ။

ဒီအချက်ကို ကြီးကျယ် ထင်ရှားသော ပုဂ္ဂိုလ်များ၏ စံနမူနာ ပြလုပ်ငန်းနှင့်

စွမ်းဆောင်ချက် များက  အထင်အရှား ဖော်ပြလျက်ရှိနေပါသည် ။

ပုဂ္ဂိုလ်ကျော်တို့သည်  ကျွန်ုပ်တို့ အကြားတွင် နေထိုင်ခြင်း မရှိကြသော်လည်း

သူတို့၏ စွမ်းဆောင်မူများက  ယနေ့တိုင်အောင်  ကျွန်ုပ် တို့နှင့် အတူရှိနေကြပြီးလျှင်.

ကျွန်ုပ်တို့၏ ဘ၀လမ်းစဉ်ကို  ကူညီထိန်းကျောင်း ပြုပြင်ပေးလျှက်ရှိနေကြတယ်။

လူသားတို့ အဖို့ သူတို့ ဆောင်ရွက်ပေးခဲသော အဖို့တန်စွမ်းဆောင်ချက်များကို 

သက်သေထူပြရန် အတွက် သူတို့သည် . ကျွန်ုပ်တို့နှင့် 

အတူနေထိုင်ကြဆဲပင်ဖြစ်ပါသည် ဟု မှတ်ယူနိုင်ပါတယ် ။

လူတို့သည် မိမိတို့၏ ဘ၀များကို  တသွင်သွင် စီးဆင်းနေသည့် မြစ်ရေစက်

ကလေးများမျှသာ ဖြစ်သည် ကို သိမြင်လာကြသောအခါ ဘ၀ရေစီးကြောင်းထဲသို့

သူတို့၏ ကအသေး အဖွဲများကို ထည့်ဝင် အကျိုးပြုပေးရန် လှုပ်ရှားလာကြလိမ်မည်

။ ပညာရှိများသည် ၊  အသက်ရှင်နေထိုင်ခြင်းဆိုသည်မှာ မိမိတို့၏

ဘ၀လွတ်မြောက်ရေး အတွက်  လုပ်ဆောင်ရမည်ကို  ထိုးထွင်းသိမြင်ကြပါတယ် ။

မိမိတို့ ဘ၀လွတ်မြောက်နိုင်ရေးအတွက် မကောင်းမူရှောင်စိတ်ကို

ဖြူအောင်ထားကြရမည်ကို သိနားလည်းကြ၏။

အနောက်တိုင်းမှာ ထင်ရှားကျော်ကြားခဲသော ဗုဒ္ဓဘာဘာဝင် ပညာရှင် .( ဒေးဗစ်မောရစ်)

ဆိုခဲဘူးတဲ့ စကားတစ်ခွန်း  အမှတ်ရမိတယ်။

မြတ်ဗုဒ္ဓ သွန်သင်ဟောပြောပေးထားသည့် အတိုင်း ဘ၀  အဓိပ္ပါယ်ကို 

နားလည်ကြသော သူများသည် သေခြင်းအတွက် မည်သည့် အခါမျှ မပူပန်ကြတော့ဘူး ။ 

 people who understand life according to the teaching of the Buddha never worry about death .

သူသေခါနီး အချိန်မှာတောင်မှ  အခုလို စာတစ်စောင် ရေးထားခဲပါသေးသည် ။

ကျွန်ုပ် ယနေ့သေဆုံးသည်ကို သင်သိရသည့်အတွက်  သင်ဝမ်းမြောက်ပါလိမ်မည်။ 

ဝမ်းမြောက်ဖိုအတွက်  အကြောင်းနှစ်ရပ်ရှိပါသည် ။

ပထမအကြောင်းက  ကျွန်ုပ် ခံစားနေရသော  ဖျားနာခြင်း ဝေဒနာသည်  နောက်ဆုံး 

ပြီးဆုံးသွားပြီးဖြစ်သည် ကို သင်သိလျှင် သင်စိတ်သက်သာရာ ရသွားမည် ဖြစ်ပါသည် ။

ဒုတိယ  အကြောင်းက ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်လာသည့်အချိန်မှစ

ငါးပါးသီလကို ရိုသေလေးမြတ်စွာစောင့်ထိန်းခဲခြင်းဖြစ်ပါသည် ။

သီလစောင့်ထိန်းရခြင်းသည် ။ အကျိုးတရားအဖြစ် ကျွန်ုပ်၏ ။ နောက်ဘ၀သည်

ဆင်းရဲသည့် ဘ၀မဖြစ်နိုင်ကြောင်းကို သင်သိမြင်ပြီးဖြစ်ပါသည် ။

ဗုဒ္ဓဘာသာ တရားအရ သေခြင်းသည် ဘ၀၏အဆုံးမဟုတ်ပါပဲ

သံသရာအတွင်းနောက်ဘ၀ တစ်ခု၏အစဖြစ်သည် သင်ကောင်းမူပြုထားလျှင်

ဒီထက်ကောင်းသော ဘ၀များကို သင်ရရှိနိုင်ပါလိမ်မည်  အခြားတစ်ဖက်တွင်မူ

နောက်ထပ်တစ်ဖန်  ဘ၀ဖြစ်ရခြင်းကို သင်အလိုမရှိလျှင်  ဘ၀ဖြစ်ခြင်းကို

တပ်မက်တွယ်တာသည့် တဏှာနှင့် အခြားကိလေသာများကို သင့်၏ စိတ်မှ 

အမြစ်ပြတ် သုတ်သင်ဖယ်ရှားရပါလိမ်မည်။

ထိုကြောင့် ကျွန်ုပ်တို့ အချိန်မှီ  ကောင်းမူများကို ပြုလုပ်ဖို့ နောက် အများအတွက်

စိတ်ချမ်းသာပျော်ရွှင်မူများကို ၊စွမ်းနိုင်သလောက် ဆောင်ရွက်ပေးနိုင်ကြမယ်ဆိုရင်

ကျွန်ုပ်တို့ဘ၀အတွက် ကျေနပ်စရာနှင့် ဒီဘ၀နောက်ဆုံးအချိန်မှာပင် သေခြင်းတရားကို

အေးချမ်းတည်ငြိမ်စွာဖြင့် ရင်ဆိုင်သွားနိုင်ပါလိမ်မည်။

တက္ကသိုလ် မောင်သုတ
စာဖတ်သူ ဓမ္မမိတ်ဆွေများအတွက် ဆက်လက်ကြိုးစားလျှက်.............