Sunday 12 August 2012

ငွေနှင့်ဘာကိုဝယ်နိုင်သလဲ ?.


ငွေနှင့်ဘာကိုဝယ်နိုင်သလဲ—အိမ်ယာကိုဝယ်နိုင်ပါသည်၊ သို့သော် အိပ်ပျော်မှုကိုမ၀ယ်နိုင်ပါ။စာအုပ်များကိုဝယ်နိုင်ပါသည်၊ သို့သော် အသိပညာကိုမ၀ယ်နိုင်ပါ။အစားအစာကိုဝယ်နိုင်ပါသည်၊ သို့သော် အရသာကိုမ၀ယ်နိုင်ပါ။ဝတ်ကောင်းစားလှများကို ၀ယ်နိုင်ပါသည်၊ သို့သော် လှပမှုကိုမ၀ယ်နိုင်ပါ။နေရန်အဆောက်အဦးတစ်လုံးကိုဝယ်နိုင်ပါသည်၊ သို့သော် မိသားစုအိမ်ကိုမ၀ယ်နိုင်ပါ။ဆေးဝါးကိုဝယ်နိုင်ပါသည်၊ သို့သော် ကျန်းမာရေးကိုမ၀ယ်နိုင်ပါ။စည်းစိမ်ဥစ္စာများကိုဝယ်နိုင်ပါသည်၊ သို့သော် သက်သာမှုကိုမ၀ယ်နိုင်ပါ။အပျော်အပါးအာရုံများကိုဝယ်နိုင်ပါသည်၊ သို့သော် ပျော်ရွှင်ချမ်းမြေ့မှုကိုမ၀ယ်နိုင်ပါ။ဘာသာအမည်ကိုဝယ်ယူနိုင်ပါသည်၊ သို့သော် လွတ်မြောက်မှုကိုမ၀ယ်နိုင်ပါ။ဒါကသင့်ဟာ ၊ ဒါကတော့ ငါ့ဟာဟူ၍မပြောပါနှင့်။ဒါကသင့်ဆီရောက်လာပြီး ၊ ဒါကတော့ ငါ့ထံရောက်လာခြင်းသာ ဖြစ်တယ်ဟုပြောပါ။ဤနည်းအားဖြင့်သာလျှင် မှေးမှိန်ပျောက်ကွယ်နေသော အလင်းအတွက် ပူဆွေးစရာမလိုပါ။အားလုံးသည်တစ်နေ့တွင် ပျောက်ကွယ်ရမည်သာဖြစ်ပါသည်။

 အရှင် ၀ါသေဌ  ( မာဂဓ)

No comments:

Post a Comment