လောကဓံကြားက ၊ အလှတရားတွေခဏထား
အမေ့ရဲ့မေတ္တာတရားက ၊ အမြဲလှနေမှာပါ အမေ။
လောဓံကိုကျော်လွှားရင်း အိမ်ပြန်နေ့ရက်တွေက
တဖြည်းဖြည်းနဲ့ဝေးကွာ၊ အေးမြတဲမေတ္တာတရားတွေ
နောက်တကြိမ်မကြုံနိုင်ဘူး၊ ရင်ထဲမှာသိရတဲ့အချိန်မှာ
ကျွန်တော်ဟာ အဝေးဆုံးတနေရာက
ညမီးရောင်အောက်မှာ၊ လွမ်းဆွေးရင်းနဲ့
အိပ်မောကျနေဆဲပါအမေ။။... ......နွယ်သာဂီ။...
၂။ အမေ...
တစ်နယ်တစ်ခြား နေငြားရလဲ
သားရဲ့ရင်ထဲ နှလုံးသာမှာ ၊ နေ့စဉ်နှင့် အမျှ သတိရလျှက်ပါ၊
အမေ..
တနှစ်မှတကြိမ်လောက် ၊ အနေဝေးနေသော အမေ့ရဲ့အနားကို
သားအရောက်လာချင်ပါတယ်
အမေ...
သို့သော်လဲ လောဓံတရားကို၊ အထီကျန်စွာရင်ဆိုင်ရသူမို့
ပြန်ဖို့အရေး၊ ခက်ခဲလွန်းလို၊ လွမ်းစိတ်တွေကို တစ်ယေက်တည်းသာ
ဖြေသိမ့်ရတယ် ၊ အိုချစ်သောအမေ။...... သူရ (အိန္ဒိယ)

No comments:
Post a Comment