စိတ်ကို ပျော်ရွှင်မူနှင့် ငြိမ်းချမ်းမူ ရရှိဖို့ ဘ၀နာတစ်ခုခု ရူပွားခြင်းကို စတင်ရပါလိမ်မည်
ဘာဝနာကမ္မဌာန်း ၄၀ တို့ရှိသည် အနက် ဗုဒ္ဓနုဿတိ ဘာဝနာ သို့မဟုတ်
ဂုဏ်တော်တစ်မျိုးမျိုးကို ပွားများနေကြမယ်ဆိုလိုရှိရင်၊ မိမိတို့ရဲ စိတ်ထားတွေက ငြိမ်းချမ်းမူ
များကို ယူဆောင်လာပါလိမ်မည်။ စိတ်နှလုံး ငြိမ်အေးမူ ရှိလာသည်နှင့် အမျှ သောက
ပရိဒေ၀ တရားများ ရှောင်ခွါသွားကြပါလိမ်မည်။ ဤအခါမှာ မကောင်းသော
စိတ်ယုတ်တွေက မ၀င်ရောက်နိုင်တော့ဘူး။
စိုးရိမ်ပူဆွေးရခြင်း အကြောင်းက မိမိတို့သန္တာန်မှာ ကိန်းအောင်းနေသော စိတ်ဆိုး
စိတ်ယုတ်တွေကို ယဉ်ကျေးအောင် ဆုံးမ မထားခဲကြသောကြောင့် ပြဿနာများစွာကို
ဖြစ်ပွားစေပြီး ၊ စိုးရိမ်ပူဆွေးမူများကို ခံစားကြရပါသည်။
တစ်ခါတစ်ရံမှာ လူတို့သည် ၊ မိမိတို့၏ သောက ပူဆွေးမူများအတွက် သူတစ်ပါးတို့အား
အပြစ်တင်လေ့ရှိကြပါသည်။ အထူးသဖြင့် မိမိတို့၏ ပြဿနာများကို ဖြေရှင်းရန်
နည်းလမ်းရှာမတွေးကြသည်အခါ များတွင် ဤသို့ ပြုမူလေ့ရှိကြပါသည်။
ဤအခြေအနေမျိုးတွင် တစ်ခြားမသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးကို ဓားစာခံ အနေနဲ့
ပြုလုပ်ရန် အလွန်သင့်လျှော်၏။
ဓားစာခံဟူသည်မှာ ထိုပြဿနာများအတွက် အပြစ်ဖိုနိုင်သော မကျေနပ်မူများကို သူအပေါ်
ဖွင့်ထုတ်ပုံ ချပေးနိုင်သော လူတစ်ယောက်ဖြစ်၏။
လူသားတို့ အနေနဲ့ မိမိပြဿနာကို မိမိကိုယ်တိုင် ရင်မဆိုင်ရဲကြသောကြောင့် ဤသို့သော်
အဖြစ်မျိုးကို ပြုလုပ် ပုံချနေကြပါသည် ။
အမှန်တကယ်မှာ တစ်ခြားလူတစ်ယောက်ကို မကျေမနပ် မဖြစ်သင့်ပါ၊ စိတ်ဆိုး ဒေါသ
ဖြစ်ရန်လည်း မသင့်ပါ။
ကိုယ်ပိုင်ပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်ရန် အတွက် မိမိရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာများကို
တည်ငြိမ်စွာဖြင့် အစွမ်းကုန်ကြိုးစားသင့်ပါသည်။
မြတ်ဗုဒ္ဓကလည်း ဓမ္မပဒ ပါဠိတော်မှာ မိန့်ဆိုခဲဖူးပါသေးသည်။
ဒိသော ဒိသံ ယံတံ ကယိရာ ၊ ဝေရီ ၀ါ ပန ဝေရီနံ ။
မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော နံ တတောကရေ။
ခိုးသူတစ်ယောက်က ခိုးသူတစ်ယောက်ကို (မြင်သော်) ပျက်စီးအောင်လုပ်ပါ၏။
ရန်သူတစ်ယောက်က ရန်သူတစ်ယောက်ကို (မြင်သော် ) ပျက်စီးအောင် လုပ်ပါ၏။
သို့သော် သင့်၏ ကိုယ်ပိုင်စိတ်လောက် သင့်ကို ပျက်စီးအောင် မလုပ်နိုင်ပါ ။
ဘေးရန်အန္တရာယ် ကျရောက်အောင်မလုပ်နိုင်ပါ။
အကယ်ဤ ကောင်းစွာ သင့်၏စိတ်ကို ဆောက်တည်ထားတဲ့ အခါ
သင့်၏စိတ်လောက် သင့်ကို မည်သူတစ်ဦး တစ်ယောက်ကမျှ ကူညီနိုင်လိမ်မည်မဟုတ်ပါ။
သင့်၏ မိခင် ဖခင် သို့မဟုတ် အခြားဆွေမျိုးတစ်ဦးတစ်ယောက်မျှ သင့်အား
သင့်စိတ်လောက် မကူညီနိုင်ပါ။
နတံမာတာ ပိတာ ကယိရာ၊ အညေ၀ါပိ စ ဥာတကာ။ သမ္မာပဏိဟိတံ စိတ္တံ၊
သေယျသောနံ တတော ကရေ။
လူနတ် နိဗ္ဗ္ဗာန် သုံးတန်သော ချမ်းသာကို ရရှိဖို မိခင်ဖခင်များက မကူညီနိုင်ပါ။
တစ်ပါးသော ဆွေမျိုးတို့ကလည်း မစွမ်းဆောင်နိုင်ပါ။
မိမိကိုယ်တိုင် ကောင်းစွာစောင့်ရှောက်ထားသော စိတ်က သာလျှင် အေးမြငြိမ်းချမ်းသော နိဗ္ဗ္ဗာန်တိုင်အောင် ပိုဆောင်ပေးပါလိမ်မည်။
တက္ကသိုလ် မောင်သုတ။.......
No comments:
Post a Comment