နောင်တော်မြတ်နှင့်အတူ ဝေသာလီမြို့တော်ကြီးကို ငေးမောကြည့်ရူရင်း ဤသို့ အတွေးနယ်ချဲရသည်မှာ
အကြောင်းမဲမဟုတ်ပါ။လိစ္ဆာဝီတိုနှင့် ပတ်သက်၍ ဘုရားရှင်ဟောကြားတော်မူခဲသော ဒေသနာတော်တစ်ပုဒ်
သတိရလာသောကြောင့်ဖြစ်ပေသည်၊ ဝေသာလီမြို့တော်က ကုဋာဂါရ ကျောင်းတော်တွင်
ဤဒေသနာတော်ကို ဟောကြားတော်မူခဲပါသည်။“ရဟန်းတို့၊ ယခုအခါ၌လိစ္ဆာဝီတိုသည်
ရှားနှစ်တုံးကို ခေါင်းအုံး၍ အိပ်ကြကုန်၏ ။ အတက်ပညာ သင်ယူခြင်းဆရာ
သမားထံဆည်းကပ်ခြင်း တို့၌မမေ့မလျော့ကြကုန် ။ တက်တက်ကြွကြွရှိကြကုန်၏ ။ ထိုကဲသို့သော
လိစ္ဆာဝီတို့အားမာဂဓတိုင်းကြီးရှင် ဘုရင် အဇာတသတ်သည် တိုင်ခိုက်ချေမှုန်းရန် အပေါက် အလမ်းကို
မရနိုင်ချေ။ အောင်မြင်ခြင်းကို မရနိုင်ချေ နောင်အခါကာလ၌ကား လိစ္ဆာဝီတို့သည် ဓားရေးလှံရေး
မလေ့ကျင့်ကြသဖြင့် ခြေရောလက်ပါ နူးညံလာကြကုန်လတ္တံ။ အိစက်ညက်ညောသော မွေ့ရာများ ၊
လဲသွတ်ထားသော ခေါင်းအုံးများ၌ နေကြီး ထိန်ထိန်လင်းအောင် အိပ်ကြကုန်လတ္တံ။ ထိုအခါ၌
မာဂဓတိုင်းကြီးရှင် ဘုရင် အဇာတသတ်မင်းသည် သူတို့ကို တိုက်ခိုက်ချေမှုန်းရန် အပေါက်အလမ်း
ရပေလိမ်မည်။ အောင်မြင်ကြောင်းကိုရပေလိမ်မည်။ဤဒေသနာကို စောစောပိုင်းက ဟောကြားတော်မူခဲ၏။
ဘုရားရှင် ဟောကြားတော်မူခဲသည် အတိုင်း ထိုစဉ်တုန်းက လိစ္ဆာဝီတိုသည် အင်မတန်မှ ဇွဲကောင်းလှ၏။
ဓားရေးလှံရေး၊မြာရေးမှစ၍စစ်ပညာဟူသမျှကိုအပတ်တကုတ်သင်ယူနေကြ၏။ နေ့စဉ်မပြတ် လေ့ကျင့်ကြ၏။
အရွယ်ရှိသောလိစ္ဆာဝီမှန်သမျှအရုဏ်တက်ချိန်မှာအိပ်ရာထကြ၏။သင်ကြားထားသောစစ်ပညာကို လေ့ကျင့်ကြ၏
ပညာရပ်ဆိုင်ရာ စာပေလင်္ကာများကို ရွက်ပွား ကြ၏။ ဤသို့ သွေးပူလေ့ကျင့်လုပ်ပြီးမှ မျကနှာသစ်ကာ
ယာဂုသောက်ရာဌာနသို့ သွားကြ၏။ ယာဂုသောက်ပြီးနောက် သင်တန်းခန်းမတွင် စာတွေးလက်တွေ့
သင်ခန်းစာများကို ဆည်းပူကြ၏။ ထိုနောက် နံနက်စာ စားပြီးချိန်တွင် အိပ်စက်ခွင့်ရကြပေသည်။
အပန်းပြေ အိပ်ကြသော်လည်း စိတ်ရှိလက်ရှိလက် အိပ်ကြရသည်ကားမဟုတ်ပါ
ရှားနှစ်တုံးပေါ်မှာ ခြေရော ခေါင်းပါ တင်၍ အိပ်ကြရပေသည် ။ မကြာခင်ပြန်နိုးလာကြရန်ဖြစ်သည် ။
နေ့လယ်ခင်းမှာလည်း စာတွေ့လက်တွေ့ သင်ခန်းစာများသင်ယူကာ ညစာစားပြီးချိန်ထိ ဆက်လက်၍
ရွက်ဖတ်ကာတော်တော်ညဉ့်နက်မှ အိပ်ကြရပေသည်။ ထိုကြောင့် လိစ္ဆာဝီအမျိုးသားမှန်လျှင် ကျားကျား
လျားလျား နှင့်ထွားကျိုင်းသန်မာလှသည်သာ ဖြစ်ပေသည်။ စစ်ပညာ ပြည့်ဝ၍ ခပ်ကြမ်းကြမ်းနေခဲကြသော
လိစ္ဆာဝီတို့သည် ယခုတော့ နုသလိုလို ဖြစ်လာကြချေပြီ။ တိုက်ရေးခိုက်ရေးထက် အလှအပဘက်သို့
ညွတ်လာကြ၏။တိုက်ခိုက်ရေးထက်အ၀တ်အစားများကိုစိတ်ဝင်စားလာကြချေပြီ။ထိုစဉ်က ဟောကြားခဲသော ဒေသနာတော်
သည် ယနေ့ပြန်လည် ကြည်ရူခြင်းနှင့် တစ်စုံတရာ ပတ်သပ်၍များ နေမည်လား?.??...........next post 4..
No comments:
Post a Comment