Thursday, 18 August 2011

ငါ့လိုရဟန္တာမဟုတ်သေးနှင့် ဥရုဝေလမိတ္တူများ .။


ဥရုဝေလတောအုပ်လေးဆီသို့ချဉ်းကပ်မိတိုင်းအသိဉာဏ်အလင်းရှာဖွေရင်း ခြောက်နှစ်တာမှောင်ပိန်းခဲ့ရရှာ 

သည့် သိဒ္ဓတ္ထအရှင်၏ နေ့ရက်များအတွက် ကိုယ်စားနာကျင်မိတတ်ပါသေးသည်။ တစ်လောကလုံးလင်းဖို့ 

တစ်ကိုယ်တော် မှောင်ခဲ့ရရှာလေသည့် အရှင့်သားသိဒ္ဓတ္ထ ။ 

အမှောင်ထဲမှာ ခြေဖျားထောက်ထောက်စမ်းရင်း နောက်ဆုံးတော့ အလင်းတွေ့သွားခဲ့လေသည်။ 

သည်လိုဆိုတော့လည်း သူက နေရဉ္ဇရာကမ်းမှာ ရပ်ရင်း ဓမ္မပီတိဖြင့် ကြည်နူးမိပြန်သေးသည်။ ဗောဓိညောင်ရွက်လေတိုးသံသည်ပင် သစ္စာဆည်းလည်းသံ ပဲ့တင်နေ တတ်လေသည်ပဲ။

ဗာရာဏသီမှ ဗုဒ္ဓဂယာသို့ ရောက်လေတိုင်း အခါအခွင့်သင့်သည့်အခါ ဗုဒ္ဓဂယာမှ 

ကီလိုမီတာအနည်းငယ်ကွာ ဝေးသည့် ဥရုဝေလတောအုပ်လေးသို့ ရောက်တတ်မြဲပင်ဖြစ်ပါသည်။ 

သူ့အတွက်တော့ သိဒ္ဓတ္ထအရှင်၏ သစ္စာအလင်းမတွေ့မီနှင့် သစ္စာအလင်းထွန်းညှိစဉ်ကာလများဖြင့် 

သမိုင်းအရည်ရွှမ်းသော ဥရုဝေလသည် နေရဉ္ဇရာမြစ်ကမ်းပါးတွင် ကိုက်ဖဲ့ချင်စရာမှဲ့ဝင်းနေတတ်သည်။

တကယ်ဆိုတော့ ဥရုဝေလသည် ရာသီပြောင်းသက္ကရာဇ်တို့၏ တိုက်စားမှုဖြင့် စိမ်းညို့စွပ်စိုမှုတို့ မရှိတော့။ 

ထီးတည်းကျောက်စရစ်ကုန်းခေါင်ခေါင်များသည်ပင် ဥရုဝေလ၏ စွဲမက်ဖွယ်အာရုံဖြစ်သည်။ 

မဒမ်သုဇာတာ နို့ဂဏာဆွမ်းကပ်လှူသည့် နေရဉ္ဇရာမြစ်ကမ်းပါးဆီက လှမ်းမျှော် ကြည့်ရသော 

ဥရုဝေလသည် သူ့ခြေလှမ်း များကို ရှေ့တိုးလာစေရန်ဆွဲဆောင်နိုင်ဆဲပင်ဖြစ်သည်။

 
ဥရုဝေလသည် သူ့အတွက် လောကကို နားလည်စေသော သင်ရိုးများဖြင့် စောင့်နေတတ်လေသည်၊ 

ဥရုဝေလ တောင်ကုန်းလေးပေါ်တွင် ရပ်ကာ နေရဉ္ဇရာမြစ်နှင့် ဂယာကွင်းပြင်ကျယ်ကြီးကို စီးမိုးကြည့်မိတိုင်း 

ရသေ့ကြီး တစ်ပါး၏ နေမျိုးဆေးကောက်ကြောင်းများကို သူမြင်နေတတ်ပါသည်။ တစ်ခါတစ်ရံမှာတော့ 


ရသေ့ကြီး၏ ဟန်ပန်အမူအရာများက အော်ပီကျယ်၏ ကာတွန်းပြကွက်ကို ရှုမှတ်လိုက်ရသလိုမျိုး ပြုံးမိရသေး၏။ 

“ရဟန်းကြီး ဂေါတမကားတန်ခိုးတော့ကြီးပါပေ၏၊ငါ့လိုတော့ရဟန္တာမဟုတ် သေးတကား”တဲ့။ အော် ဖြစ်မှဖြစ်ရလေ၊

 

သူ၊သူ့ပတ်ဝန်းကျင်နှင့် သူနေထိုင်လျက်ရှိသော ကမ္ဘာမြေ၏ ထောင့်ချိုးကအသက်ရှူသံများသည်လည်း 


ရသေ့ကြီး၏ စကားကို သံယောင်လိုက်ကာ နောက်ကျကျန်ရစ်ခဲ့တတ်ကြလေသည်ပဲ မဟုတ်လား၊ 

သည်သို့ ဖြင့်သာ ရထားများတစ်စီး ပြီးတစ်စီးထွက်ခွာသွားခဲ့ကြသည်။ သံသရာဟု အမည်ပေးထားသော 


ဘူတာရုံအို လေးထဲမှာ သူနှင့်အတူ မနိုင်မနင်းအထုပ်အပိုးများ ကျန်ရစ်တတ်မြဲပင်။ ၀ယ်ယူထားမိသည့် 

ရထား လက်မှတ်က ရီဖန်းဒ်(Refund)ပြန် ထုတ်ယူလို့ မရနိုင်အောင် ရက်လွန်ပုပ်ဆွေးနေခဲ့ပြီ။

(၂)
 
ရသေ့ကြီး၏ အမည်အပြည့်အစုံက ဥရုဝေလကဿပဖြစ်သည်၊ ရသေ့ကြီးက ဥရုဝေလတောအုပ်တွင် 

အခြားညီနောင်နှစ်ပါးနှင့်အတူ ရသေ့ပေါင်းတစ်ထောင်၏ လောကထွက်မြောက်ရေးကို 

နည်းပေးညွှန်ပြနေသည့် ထင်ရှားသည့် ဘာသာရေးခေါင်းဆောင်ကြီးဖြစ်သည်။ သို့သော်ညီနောင်သုံးပါးက 

သီးခြားစီနေကြသည်။ ဥရုဝေလကဿပက ရသေ့ငါးရာ၊နဒီကဿပက ရသေ့သုံးရာ၊ ဂယာကဿပက 

ရသေ့နှစ်ရာကို လောကုတ္တရာအရေးအတွက်ထိန်းကျောင်းပေးနေကြသည်။ဗုဒ္ဓအရှင်ကသစ္စာလေးပါးတရားနှင့်

အနတ္တဒေသနာကိုဗာရာဏသီမိဂဒါဝုန်မှာ ကြေငြာတော်မူပြီးသည်နှင့် နေရာဟောင်းဖြစ်သည့် 

ဥရုဝေလတောအုပ်လေးဆီ ပြန်လည်ချဉ်းကပ်လာခဲ့ခြင်းဖြစ်သည်။

ဥရုဝေလကဿပသည် ဗုဒ္ဓအရှင် ဥရုဝေလတောအုပ်လေးသို့ ကြွလာရခြင်း၏ အဓိကပြစ်မှတ်ဖြစ်သည်။ 

ဥရုဝေလကဿပရသေ့ကြီးပျော်မွေ့ရာ ရသေ့ငါးရာဖြင့် ပြည့်နေသည့် ကျောင်းသင်္ခန်းများထဲ 

ဗုဒ္ဓအရှင်အတွက် သီတင်းသုံး နားခိုဖွယ်ရာ နေရာလွတ်မရှိ၊ သို့သော် ဗုဒ္ဓအရှင်က ဥရုဝေလကဿပနှင့် 

အနီးကပ်နေထိုင်ရန် ပိုင်းဖြတ်တော်မူပြီးဖြစ်သည်။ “နေစရာကျောင်းသင်္ခန်းမရှိရင်လည်း လွတ်နေတဲ့ မီးဖိုချောင်လေးမှာ နေပါရစေ”တဲ့။ 

သာသနာပြုလမ်းပြရာတွင် နုံချာသောမီးဖိုချောင်လေးသို့လည်း ကျောင်းဝိဟာအမှတ်ဖြင့် ဗုဒ္ဓအရှင် 

ဝင်ရောက်စံပျော်ရပါလိမ့်မည်။ မီးဖိုချောင်းလေးတွင် ဗုဒ္ဓအရှင်၏ ကိုယ်ရောင်ကိုယ်ဝါထွန်းလင်းရန် 


အရင်းအမြစ်က ရှိနေခဲ့ပါသည်။ မီးဖိုချောင်လေးက အစွယ်ငေါငေါအစွမ်းထက်ထက် မြွေနဂါးကြီးတစ်ကောင် ၀င်ရောက်ခွေအိပ်နေသည့် အန္တရာယ်ဇုံ...။

ဥရုဝေလကဿပရသေ့ကြီးက မူရင်းစိတ်ကောင်းလေးရှိသော ပုထုဇဉ်။ ဗုဒ္ဓအရှင်ကို တားရှာပါသေးသည်။ 

သို့သော် ဗုဒ္ဓအရှင်က ဇွတ်တိုးဝင်ကာ သီတင်းသုံးခဲ့သည်။ ထိုညက ဥရုဝေလကဿပအပါအ၀င် 

ရသေ့ငါးရာလုံး စိတ်မကောင်းခြင်းကြီးစွာ ဗုဒ္ဓကို သနားနေခဲ့ကြသေးသည်။ ရသေ့တို့အမြင်တွင် 

ဗုဒ္ဓအရှင်က သာမန်လူချော လူလှ ရဟန်းကြီးဂေါတမသာဖြစ်သည်။

နံနက်လင်းချိန်မှာတော့ ဗုဒ္ဓအရှင်က တစ်ညတာလုံးဆုံးမယဉ်ကျေးစေပြီးသည့် နဂါးကြီးကို 

သပိတ်ထဲထည့်ကာ မီးဖိုချောင်လေးမှ ထွက်လာသည်။ ဥရုဝေလအပါအ၀င် ရသေ့အားလုံး 

အံ့သြပြာဝေသွားသည်။ ဥရုဝေလရင်ထဲတွင် ပုထုဇဉ်သွေးလေး ဆစ်ကနဲ တိုးသွားသည်။ ဗုဒ္ဓကိုတော့ 

အထင်ကြီးသွားသည်။ သို့သော် အသိအမှတ်ပြုဖို့တော့ ၀န်လေးနေခဲ့၏။ ရသေ့ကြီးက 

တိတ်တိတ်လေးမှတ်ချက်ချသည်။ ရသေ့ကြီး၏ စကားလေးက ပိဋကတ်ဝင်ဖြစ်သွားသည်။ “ 

ရဟန်းကြီးကား တန်ခိုးတော့ကြီးပါပေရဲ့၊ သို့ရာတွင် ငါ့လိုတော့ ရဟန္တာမဟုတ်သေး”တဲ့။ မည်သို့ဖြစ်စေ 

ဥရုဝေလရသေ့ကြီးက ပင်ကိုယ်စိတ်ကောင်းလေး ရှိပါသည်။ ဗုဒ္ဓအရှင် ကိုလည်း လေးစားသွားပါသည်။ 

သို့နှင့် ဥရုဝေလတောအုပ်ကျောင်းသင်္ခန်းလေးမှာပဲ ဆက်နေဖို့ ဖိတ်ကြားခဲ့သည်။ စားရေးသောက်တာ စီမံပေးပါရစေ တဲ့။

ဗုဒ္ဓအရှင်နှင့် အတူနေထိုင်ခွင့်ရလေလေ ဗုဒ္ဓအကြောင်း ပိုသိရလေလေဖြစ်သည်။ ညစဉ်ညစဉ် 

နတ်ဗြဟ္မာတို့၏ အရောင်အ၀ါများဖြင့် ဗုဒ္ဓအရှင်၏ ကျောင်းသင်္ခန်းလေး လင်းပနေတတ်သည်ကို 

အံ့သြရသည်။ ဗုဒ္ဓအရှင်ထံသို့ စတုမဟာရာဇ်နတ်မင်းကြီးများ၊ သိကြားဗြဟ္မာများကိုယ်တိုင်ပင် 

လာရောက်ပူဇော်ချဉ်းကပ်ကြသည် ဟု သိရသောအခါ ဗုဒ္ဓအရှင်ကို မလေးစားပဲ မနေနိုင်။ သို့သော် 

ရသေ့ကြီးက ဆုပ်ကိုင်ထားသော အတွေးနှင့် စကားကိုတော့ လွှတ်မချခဲ့။ “ငါ့လိုတော့ ရဟန္တာမဟုတ်သေ

ဓမ္မဂင်္ဂါမှ   ပူဇော်ပါသည်။   တက္ကသိုလ်မောင်သစ်။.... မေတ္တာဖြင့် ...  ဆက်ရန်ကျန်သေးသည်။.

No comments:

Post a Comment