ပထမသတ္တဟသည် ဗောဓိပင်နှင့်ရွှေပလ္လင်ဖြစ်ပါသည်။ အပရာဇိတပလ္လင်တော်သည် ဗောဓိပင်ကြီးနှင့် စေတိတော်ကြားတွင်တည်ရှိပြီး အလျား (၇) ပေ (၁၀) လက်မ၊ အမြင့် (၃) ပေရှိ၍ ကျောက်တုံးကို ထုလုပ်ထားပါသည်။
ယခုမြင်ရသော ဗောဓိပင်သည် မူလဗောဓိပင်မဟုတ်တော့ပါ။ မူလဗောဓိပင်၏ တောင်ဘက်ကိုင်းကို သီရိဓမ္မာသောကမင်းကြီး၏ သားတော်နှင့်သမီးတော်တို့မှ အဓိဋ္ဌာန်ပြု ဖြစ်ယူ၍ သီဟိုနီုင်ငံတွင် စိုက်ပျိုးထားရာ ယနေ့တိုင်ဖူးမြင်နိုင်ပါသည်။ ယခုတွေ့ရသော ဗောဓိပင်သည် ၁၈၇၀ ခု ကျောက်စာမင်းကြီး ကံနင်ဟန်မှ ယခင်အပင်အိုကြီး၏ မျိုးစေ့မှ ယူထားသော အပင်ငယ်ဖြင့် စိုက်ပျိုးထားသော ဗောဓိပင်ဖြစ်ပါသည်။ ဗောဓိပင်ကိုနောက်မှီပြု ၍ အပင်ရင်းပလ္လင်တော်၌ သဗ္ဗညုတဥာဏ်တော်ကို ရတော်မူကြေင်း ပြဆိုခဲ့ပြီးဖြစ်၍ ဗုဒ္ဒဘာသာဝင်တို့ ရှိခိုးပူဇော်ထိုက်သော စေတီ (၄) မျိုးအနက် ပရိဘောဂစေတီတော်ဖြစ်၍ ရိုသေရှိခိုးပူဇော်ပါက အကျိုးများနိုင်ပါသည်။
မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ကဆုန်လပြည့်ကျော် (၁) ရက်နေ့ တွင် ငါသည် ဤအပရာဇိတပလ္လင်ကိုရရှိဖိုရန် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းမျှ ပါရမီ (၁၀) ပါးတရားတို့ကို ဖြည့်ဆည်းခဲ့ရသည်။ ငါ၏ခန္ဒာကိုယ်၊ သား၊ သမီး၊ ဇနီး၊ တို့ကိုလည်းပေးလှူ ခဲ့ရပြီ။ ၍ပလ္လင်သည် မာရ်ငါးပါးကို တစ်စမကြွင်း အရှင်အောင်းသောပလ္လင်ဖြစ်သည် စသည်ဖြင့်ဥဒါန်းကျူးရင့် ရွင်လန်းဝမ်းမြောက်ခြင်းဖြစ်ကာ ထိုအပရာဇိတပလ္လင်ထက်တွင် ခုနှစ်ရက်ကြာမျှ ဈာန်သမာပတ်ဝင်စားလျက် ပဋိစ္စသမုပ္ပါဒ်တရားတို့ကိုဆင်ခြင်ပြီး ပလ္လင်္ကသတ္တဟ စံတော်မူသည်။

No comments:
Post a Comment