Saturday 15 September 2012

ဒုက္ခကို ရှာဖွေသူ ......


"Birth is dukkha, aging is dukkha, sickness is dukkha, death is dukkha; sorrow, lamentation, pain, grief, & despair are dukkha; association with the unbeloved is dukkha; separation from the loved is dukkha; not getting what is wanted is dukkha. In short, the five clinging-aggregates are dukkha."

( ဇာတိပိ ဒုက္ခာ ) Birth is dukkha-ပဋိသန္ဓေနေရခြင်းသည် ဒုက္ခတစ်မျိုးပါ၊
( ဇရာပိ ဒုက္ခာ ) Aging is dukkha-အသက်တွေ ကြီးလာတာလဲ ဒုက္ခတစ်မျိုး၊
( ဗျာဓိပိ ဒုက္ခော ) Sickness is dukkha- ခေါင်းကိုက်ဝေဒနာမှ အစ ကင်ဆာဝေဒနာအထိ နာကျင်ခြင်း ဝေဒနာမှန်သမျှလဲ ဒုက္ခတစ်မျိုး၊
( မရဏမ္ပိ ဒုက္ခံ )  Death is dukkha- မသေချင်ပဲ သေရခြင်းသည်လဲ ဒုက္ခတစ်မျိုး၊

 ( သောက )Sorrow- ၀မ်းနည်းခြင်း၊
( ပရိဒေ၀ )  Lamentation- ငိုကြွေးတမ်းတခြင်း၊
( ဒုက္ခ) Pain- နာကျင်မှုဝေဒနာ၊
( ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ) Grief- ပူဆွေးခြင်း သောက၊ Despair are dukkha- မျှော်လင့်ချက်ကုန် စိတ်ပျက်ခြင်းဟာလဲ ဒုက္ခတစ်မျိုး၊

( အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော)  Association with the unbeloved is dukkha- မချစ်မနှစ်သက်သူတို့နှင့်   ပေါင်းသင်းဆက်ဆံနေရခြင်းသည်လည်း ဒုက္ခ၊
( ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော ) Sepration from the loved is dukkha- ချစ်ခင်သူတို့နှင့် ခွဲခွာနေရခြင်းသည်လည်း ဒုက္ခ၊

( ယံ ပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ )  Not getting what is wanted is dukkha- လိုချင်တာမှန်သမျှ မရခြင်းဟာလဲ ဒုက္ခတစ်မျိုး၊
( သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ ) In short, the five clinging aggregates are dukkha- အားလုံးခြုံငုံပြောရလျင် ဒီခန္ဓာကိုယ်ကြီးနှင့် ခန္ဓာကြီးကို တွယ်တာနေသော ဥပါဒါန် စွဲလမ်းစိတ်ဆိုတာ ရှိနေသမျှ ဒုက္ခချည်းပဲ။ 

Dukkha is:
Disturbance, irritation, dejection, worry, despair, fear, dread, anguish, anxiety; vulnerability, injury, inability, inferiority; sickness, aging, decay of body and faculties, senility; pain/pleasure; excitement/boredom; deprivation/excess; desire/frustration, suppression; longing/aimlessness; hope/hopelessness; effort, activity, striving/repression; loss, want, insufficiency/satiety; love/ lovelessness, friendlessness; dislike, aversion/attraction; parenthood/childlessness; submission/rebellion; decision/indecisiveness, vacillation, uncertainty.

Disturbance- နှောက်ယှက်ခံရခြင်း၊
Irritation - စပ်ဖျဉ်းဖျဉ်းခံစားစေခြင်း၊
Dejection- စိတ်ပျက်လက်ပျက်ဖြစ်ခြင်း၊
Worry- စိုးရိမ်ခြင်း၊
Despair- မျှော်လင့်ချက်ကုန်ခန်း လက်မှိုင်ချခြင်း၊

Fear-ကြောက်လန့်စိုးရိမ်ခြင်း၊
Dread- ပူပန်ထိတ်လန့်ခြင်း၊
Anguish- မချိတင်ကဲဝေဒနာခံစားရခြင်း၊
Anxiety- ကြောင့်ကြဗျာပါရဖြစ်ခြင်း၊
Vulnerable- ပျော့ကွက်ရှိ၍ အားငယ်ခြင်း၊

Injury- ခန္ဓာကိုယ်အနာတရဖြစ်ခြင်း၊
Inability- ဘာတစ်ခုမှ မလုပ်တတ်မကိုင်တတ်ခြင်း၊
Inferiority- သိမ်ငယ်စိတ်ဖြစ်ခြင်း၊
Sickness- နာကျင်ခြင်း ဝေဒနာ၊
Aging- အသက်ကြီးလာခြင်းဒုက္ခ၊

Decay of body and faculties - ခန္ဓာကိုယ်နှင့် အာရုံခံနိုင်စွမ်းအကြောများ ပျက်စီးလာခြင်း၊
Senility- သူငယ်ပြန်ခြင်း၊
Pain- နာကျင်ခြင်း၊
Pleasure-၀မ်းသာလွန်းခြင်း၊
Excitement- စိတ်လှုပ်ရှားလွန်းခြင်း၊

Boredom- ငြီးငွေ့ခြင်း၊
Deprivation- စိတ်ပိုင်းဆိုင်ရာ ဆင်းရဲနေခြင်း၊
Excess- စိတ်ပိုင်းဆိုင်ရာခံစားမှု လိုအပ်တာထက် ပိုလွန်နေခြင်း၊
Desire- အာသာဆန္ဒ ဖြစ်ခြင်း၊
Frustration- ဆန္ဒဖြစ်ပေါ်ပြီး အားမလို အားမရဖြစ်ခြင်း၊

Suppression- ဖိနှိပ်ချုပ်တည်းထားရခြင်း၊
Longing- တမ်းတမှု အာသီသ၊
Aimlessness- ဦးတည်ရာ ပန်းတိုင်မရှိခြင်း၊ ခြေဦးတည့်ရာလုပ်နေတတ်ခြင်း၊
Hope- ရည်မှန်းချက်ရှိခြင်း၊
Hopelessness- ရည်ရွယ်ချက်မဲ့နေတတ်ခြင်း၊
Effort- ကိုယ်စွမ်းဥာဏ်စွမ်း ထုတ်ခြင်း၊

Activity- သွက်လက်လှုပ်ရှားနေခြင်း၊
Striving- ကြိုးပန်းမှု၊
Repression- ဖိနှိပ်မှု၊
Lost- ဆုံးရှုံးမှု၊
Want- လိုချင်မှု၊

Insufficiency- မလုံလောက်ခြင်း၊
Satiety- ၀အီသွားခြင်း၊
Love- ချစ်ခင်နှစ်သက်ခြင်း၊
Lovelessness- ချစ်ခင်မှုများ လျော့ပါးလာခြင်း၊
Friendlessness- အထီးကျန် အဖော်မဲ့ခြင်း၊ 
 Dislike- မကြိုက်ခြင်း၊

Aversion- မနှစ်မြို့ခြင်း၊
Attraction- တစ်စတစ်စ ခံစားမှုဆုတ်ယုတ်လာခြင်း၊
Parenthood- မိဘဖြစ်လာခြင်း၊
Childlessness- သားသမီးမထွန်းကားခြင်း၊
Submission- အောက်ကျို့စွာ အသနားခံစာတင်ရခြင်း၊

Rebellion- အစိုးရထံ လျောက်လွှာတင်ရခြင်း၊
Decision- ဆုံးဖြတ်ချက်ချရခြင်း၊
Indecisiveness- ဆုံးဖြတ်ချက် မပြတ်သားမှု၊
Vacillation- ချီတုံ ချတုံ ဖြစ်နေခြင်း၊
Uncertainty- မသေချာမရေရာဖြစ်ခြင်း၊


ဘာရယ်မဟုတ်ပါဘူး၊ စာတမ်းအတွက် ဒုက္ခသရုပ်၊ ဒုက္ခရဲ့ ပရိယာယ်ပုဒ်တွေကို ဆွဲထုတ်ရင်းက  မှတ်စုလုပ်ထားလိုက်တာ၊ အပေါ်က တပုဒ်က ဓမ္မစကြာသုတ်တော်က ဘုရားဟောထားတဲ့ တိုက်ရိုက် အကျဉ်းဆုံးနည်းပါ၊ အကျဉ်းဆုံးနည်းဆိုတဲ့အတိုင်း စကားလုံးတိုင်းမှာ ဒုက္ခကို သိသာစေ၊ ထင်ရှားစေတဲ့ အဓိပ္ပါယ်တွေ အများကြီးပါဝင်နေပါတယ်၊ မချစ်မနှစ်သက်သူတို့နှင့် မတတ်သာ လို့ ပေါင်းသင်းနေရခြင်း၊ ချစ်ခင်သူတို့နှင့် အကြောင်းအမျိုးမျိုးကြောင့် ကွေကွင်းနေရခြင်း၊ နောက်ဆုံးတွင် လိုချင်တာ မှန်သမျှ မရတာဟာလဲ ဒုက္ခပဲတဲ့၊ သိပ်ထိမိတဲ့စကားလုံးပါပဲ၊ စကားကုန်ပြောရလျင် ဒီရုပ်ခန္ဓာနဲ့ နာမ်ခန္ဓာဆိုတဲ့ စိတ်ရှိနေသမျှ ခန္ဓာငါးပါးရှိနေသမျှ ဒုက္ခဆိုတာ ရှိနေအုံးမှာပဲတဲ့၊ တိုတိုရှင်းရှင်း၊ ထိထိမိမိဟောကြားခဲ့တာပါ။  နောက်စာပိုဒ်က ကတော့ ခေတ်သစ်မော်ဒန်လောကကြီးထဲမှာ သတ္တ၀ါတိုင်း ကြုံတွေ့နေရတဲ့ ထိုထိုပါဠိတော်၊ သုတ္တန်ဒေသနာတော်များမှာ ဖွင့်ဆိုထားတဲ့ ဒုက္ခသရုပ်များ၊ ဒုက္ခသရုပ်ဖော် ပရိယာယ်ပုဒ်များ  ဖြစ်ပါတယ်။

များလိုက်တဲ့ ဒုက္ခတွေ၊ ပရိယာယ်ပုဒ်တွေပါလား၊  ပညတ်သွားရာ ဓာတ်သက်ပါ - ဆိုသလိုများ ဖြစ်နေမလားပဲ၊ အခုတ လော ဒုက္ခသရုပ်၊ ဒုက္ခအကြောင်း၊ ဒုက္ခဖြစ်ကြောင်း၊ ဒုက္ခဖြစ်ပုံ၊ ဒုက္ခချုပ်ကြောင်း စတာတွေနဲ့ အချိန်ကုန်နေမိတယ်၊ ဒုက္ခတွေလဲ တစ်ခုပြီးတစ်ခု ကိုယ့်ဆီ လာလိုက်ကြတာ လူလဲ တော်တော်မောဟိုက်နွမ်းလျနေပါပြီ။ ……….။

လူသားတွေအားလုံး ဒုက္ခအပေါင်းက အမြန်ဆုံး  လွတ်မြောက်နိုင်ကြပါစေ…..

ပန်းကမ္ဘာ ကို အထူးကျေးဇူးတင်လျှက်…….. ။

No comments:

Post a Comment