Sunday 5 August 2012

ကဗျာ


o   ဧည့်သည်..။

မင်းတို့လာလည်း  တစ်ယောက်တည်း . ငါ့မှာ တားခွင့် မရှိဘူး ။
မင်းသွားလည်း တစ်ယောက်တည်း .  ဟန့်တားပိုင်ခွင့် မရှိဘူး။
ငါသည် ပင်မူ
ခေါ်သူမရှိ၊ ရောက်လာမိစဉ်      နှင်သူမရှိ ၊ပြန်ဖိုရှိ၏ ။
ငါနေသည်အိမ် ၊ ငါ၏အိမ်ဟု  ၊ ငါအိမ်မှာထား၊ ငါ့မယားနှင့်  ၊ ငါသား သမီး ငါ့ပစ္စည်းဟု ၊
ယူသည်းစိတ်စွဲ အမှတ်လွဲခဲ့ ။  အမှန်မှာမူ
ငါလာသောခါ ၊ လက်ဗလာတည်း ၊   ပြန်ပါရလျှင် ၊ လက်ချည်းပင်တည်း ၊
ငါ့တွင်ကိုယ်ပိုင် မရှိပါတကား ။
လာသူလာလည်း လာစမ်းပစေ ၊ မဆီးလေနှင့် ၊  သွားသူသွားလည်း သွားစမ်းပစေ ၊ မတားလေနှင့် ၊
တို့တစ်ထွေမှာ
သဘာဝလျှင် အမိရင်ဝယ် ၊ ထွက်ဝင်ခိုနား  ခရီးသွားတည်း
အားလုံးဧည့်သည်  ချည်းပါတကား ။

ASHINVASAHTA  .INDIA 

No comments:

Post a Comment