Tuesday 6 March 2012

အပြစ်တင်ဝေဖန်မူ၏ ဆိုးကျိုးကို သိလာတဲ့ အခါ ......။


တစ်စုံယောက် သို့မဟုတ် တစ်စုံတစ်ဦး သင့်ကို စိတ်ဆိုးလျှင် ပြဿနာ၏ ဇာတ်မြစ်

ကိုရှာပါ ၊ ထိုအရာသည် သင်ပြုလုပ်ခဲသော  တစ်စုံတစ်ခု နှင့် သက်ဆိုင်နိုင်သည် ။

တကယ်လို သင်အမှား ပြုလုပ်မိခဲလျှင်  အမှားကို ၀န်ခံ ပြီး ခွင့်လွတ်ရန် တောင်းပန်ပါ ။

နားလည်မူလွဲမှားသည် အတွက် ကြောင့်  ထိုပြဿနာပေါ်ပေါက်လာသည် ဆိုလျှင် 

အပြစ်တင်ဝေဖန်သူနှင့်  ပွင့်ပွင့်လင်းလင်း  ပြောဆို ဆွေးနွေး   သဘောထား

ကွဲလွဲချက်များကို  ဖြေရှင်းရန် ဆန္ဒရှိပါ။

ဒေါသကို ဒေါသနှင့် တုံပြန်ရန် သာဘာဝ  အလျှောက် စိတ်တိမ်းညွတ် မိ မည် 

ဖြစ်ပေါ်သော်လည်း  သင့်ဒေါသနှင့်  မတုန်းပြန်ပါလေနှင့် ။

စစ်ပွဲများသည် စစ်ပွဲများကို မပြီးဆုံးစေနိုင် ပါ။  စစ်ပွဲများ သည် လက်စားချေခြင်းကို

ပိုသာ ဖြစ်ပေါ် စေ၏။

တကယ်လို  အကောင်းဆုံး အဖြေရသည် ဆိုလျှင်လည်း ထိုအဖြေသည် တရားမျှတသော 

ကျေးအေးမူ  မဖြစ်နိုင်ပါ။

ဒါကြောင့် မြတ်ဗုဒ္ဓက ဓမ္မပဒ ပါဋ္ဌိတော်မှာမိန်တော်မူထားတာတွေရှိပါသေးတယ် ။

အနိုင်ရသူသည်  ရန်ကို ပွားစေ၏  ရူံးသောသူ သည် ဆင်းရဲစွာနေရ၏   ၊  အနိုင် နှင့်

အရူံး တိုကို စွန်း လွတ်သော သူသည်သာ လျှင် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ရပါ၏ ။

The Buddha say . the victor breeds . hatred and the defeated lives in misery . only he how renounce both victory and defeat is happy and peaceful .

ထိုကြောင့် သင် ရိုးသားစွာပြုံပါ  သင်ပြုံစဉ် ရန်သူ အပေါ်သို့ မေတ္တာ ဂရုဏာို့နှင့်

ယှဉ်သည် စိတ်ကောင်း စေတနာ ကောင်များကို ရွာသွန်းချပါ ။  ထိုအခါအံဖွယ်

တစ်ပါးဖြစ်ပေါ်လာလိမ်မည်။ ကြည်ရွှင်သော သင့်၏ မျက်နှာနျင့် စိတ်တို့မှာ

အပြုသဘော ဆောင်နိုင်သည် လှိုင်များ ထွက်လာကာ သင့်တို့ နှစ်ဦးအား

ပိုင်းခြားထားသေ အေးစက်သည် စိတ်နံရံတံတိုင်းကို ဖြိုချလိမ်မည်။

မေတ္တာတရားကသာလျှင် အဖျက်စိတ်များကို လွမ်းမိုး  အပြုစိတ်များအဖြစ်သို့

ပြောင်းလဲပေးနိုင်သော စွမ်းအားရှိသည် ။
မုန်းတီးခြင်းသည် ဆန့်ကျင်ဘက် ပုဂ္ဂိုလ်၏ စိတ်သဘောထားကို မာကျောစေရန်ကိုသာ စွမ်းနိုင်ပါ၏။

ကမ္ဘာကျော်  ကဗျာဆရာကြီး  အော့စကာဝိုင်းလ် က သို့ ဆိုခဲဘူးပါသေးသည်။

သင်၏ ရန်သူများကို  အမြဲခွင့်လွတ်ပါ  အရာလောက် သူတို့ကို  စိတ်ငြိုငြင် စေသော

အခြားအရာမရှိပါဘူး။
ဒီနည်းလမ်းကို အသုံးပြုခဲသော  လူများ၏ အတွေးအကြုံများ အရ  ရန်သူ တစ်ဦးကို

မိတ်ဆွေ တစ်ဦး အဖြစ်သို့ ပြောင်းလဲဖို့ အတွက် နည်းသည် လက်တွေးကျပြီး

အထိရောက်ဆုံးသော နည်းဖြစ်ပါသည် ။

မြတ်ဗုဒ္ဓက  အမျက်ထွက်သော သူကို မေတ္တာတရားဖြင့် အောင်ရာ၏ ။  မကောင်းသော

သဘောရှိသူကို ကောင်သော သဘောဖြင့် အောင်နိုင်ရာ၏ နှမြော ၀န်တို့သောသူကို 

ပေးကမ်းဖြင့် အောင်ရာ၏ ။ မဟုတ်မမှန်ပြောသော သူကို

အဟုတ်အမှန်ပြောဆိုခြင်းဖြင့်  အောင်နိုင်ရာ၏။

စိတ်နေစိတ်ထားများကို ထိန်းချုပ်လာနိုင်တဲ့ အခါ

သုန်မှုန်သော စိတ်ထားများသည်  အကျည်းတန်သော မျက်နှာကိုဖွင့်လှစ်ပြသည့်

အပြင် လူဘောင်အဖွဲ အစည်းမသာမာသော ပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးပါ၏၊

လူတိုင်သည် အတိုင်းအတာတစ်ခုထိ မိမိ၏ စိတ်နေစိတ်ထားများဖြင့်  လွမ်းမိုးခံရမည် ။

သို့မှ သာလျှင်ကျွန်ုပ် တို့၏ စိတ်နေသဘောထားများကို  ထိချုပ်နိုင်ပြီးသော်

အမှားများကို မပြုလုပ်မိအောင်  ရှောင်ရှား နိုင်ပါလိမ်မည်။

မိမိတို့သည် အပြင်းအထန်စိတ်လှုပ်ရှားနေသောအခါ  နှင့် သောက

ဖိစီးနေ့သည့်အခါများတွင်  အလွန်အရေးကြီးသော   ဆုံးဖြတ်ချက်များကို မပြုလုပ်ဘဲ

ရွှေးဆိုင်ထားသင့်သည် ၊ စိတ်ဆိုးနေသောအခါ သို့မဟုတ် စိတ်ညစ်နေသောအခါ 

ကျွန်ုပ်တို့ ကြည်လင်စွာ မမြင်မတွေးနိုင်ပါ ။ ထိုကြောင့် ကောင်းစွာ

စဉ်းစားဆင်ခြင်ထားသော  ဆုံးဖြတ်ချက်ကောင်းများကို မချမှတ်နိုင်ပါ။  အခါမျိုး

ချမှတ်လိုက်သော ဆုံးဖြတ်ချက်များသည်  တစ်ဖက်သတ်ဖြစ်နေပါလိမ်မည် ။

ထိုကြောင့်  စိတ်တည်ငြိမ် သွားရန်  အချိန်ခဏယူလိုက်ပါ ။ ပြဿနာများ ကို

ဝေဖန်စီစစ်ပါ။ အပြန်အလှန် စဉ်းစားပါ ။ အပြန်အလှန် စဉ်းစားပါ  စိတ်နေစိတ်ထားများ

ဖြင့် လွမ်းမိုးမခံရဘဲ  တည်ငြိမ်သော စိတ်ဖြင့် ချမှတ်သည့်         ဆုံးဖြတ်ချက်များ

ဘက်လိုက်မူ နည်းပါးပိုမိုကောင်းမွန်ပါလိမ်မည် ။

ကျွန်ုပ်တို့ကို အသေအချာ ခွဲခြမ်းစိးစစ်ကြည်လျှင် တည်မြဲသော  ငါ။ အတ္တ

အမှန်တကယ်မရှိဘဲ ဖြစ်ပေါ်လာပြီးသည်နှင့် တပြိုင်နက်  လျှင်မြန်စွာ 

ချုပ်ပျက်သွားကြသော စိတ်နှင့် ရုပ်စွမ်းအင်များ၏  အစဉ်တစ်ခုသာရှိကြောင်းကို ကျွန်ုပ်တို့ 

သိမြင်လာကြလိမ်မည် ။

တစ်ခါတုန်းက  ဇင်ဘုန်ကြီး တစ်ပါး  ဒိုဂင်။ ဆိုတဲ့ ပုဂ္ဂိုလ်က

ကျွန်ုပ်တို့ဟာဗုဒ္ဓဘာသာကို လေ့လာသူ တစ်ယောက်ဖြစ်တယ် ။

ဗုဒ္ဓဘာသာကု လေ့လာခြင်းသည်  သင့်ကိုသင် လေ့လာခြင်းဖြစ်ပါ၏။ 

သင့်ကိုသင်လေ့လာခြင်းသည် သင့်ကိုမေ့ပျောက်လိုက်ခြင်းဖြစ်၏။ သင့်ကိုသင်

မေ့ပျောက်လိုက်ခြင်းသည်  သင့်ကို အရာအားလုံး အနေဖြင့်  မြင်သိလာခြင်းဖြစ်ပါ၏။

To study Buddhism is to study yourself to study yourself is to forget yourself is to perceive yourself as all things

အကယ်တည်မြဲသော ငါ ၊ သာတကယ်ရှိမည်ဆိုလျှင် ကိုယခန္ဓာသည်

မပြောင်းလဲဘဲ အမြဲတစ်မျိုးတည်း သာ ဖြစ်နေလိမ်မည် ။

မိမိတို့သည် ဘယ်တော့မှ အောင်နိုင်တော့မည်မ ဟုတ်ပါ ချေ ။

စိတ်စွမ်းအင်များသည် အလွန်လျှင်မြန်စွာဖြစ်ပျက်နေကြသဖြင့်  

တစ်ဆက်တည်းဖြစ်ပြီး  တည်မြဲနေသည်ဟု ကျွန်ုပ်တို့ ထင်မှတ်မိကြခြင်းဖြစ်၏။

တည်မြဲသော ငါအနေဖြင့် မဟုတ်ဘဲ အခြားပုံစံ တစ်မျိုးအဖြစ် ထင်မြင်ယူဆရန်မှာ

ခဲယဉ်းကြောင်း ကျွန်ုပ်တို့ တွေးရှိနိုင်ပါသည် ။  အမှန်တယ်အားဖြင့် ကမ္ဘာမြေကြီးက 

နေကိုလှည့်ပတ်နေသည် ဆိုခြင်းကို  ကျွန်ုပ်တို့ ယုံကြည်လျှင် အလွန်ခက်ခဲ ပါလိမ်မည် ။

ကျွန်ုပ်တိုအမှန်တကယ် မတည်ရှိကြောင်းကို ဟူသည့် အမှန်သဘောကို မြင်လျှင် 

ကျွန်ုပ်တို့ မြင်သိလျှင်  အကောင်းနှင့်အဆိုး စိတ်လှုပ်ရှားမူများ အားလုံးသည်

ငြိမ်းချမ်းမူနှင့်  သင်မြတ်ညီညွတ်မူရရှိရေး  လမ်းကြောင်းအဟန့်အတားများမျှသာ

ဖြစ်နေကြသည်ကို ကျွန်ုပ်တို့ မြင်တွေးနိုင်ပါသည် ။

သို့ နားလည် သဘောပေါက်ခြင်းသည်။  ကျွန်ုပ် တို့၏  စိတ်နေစိတ်ထားများကို 

ပိုမိုကောင်းမွန်စွာ  ထိန်းချုပ်ရန် လက်ကိုင် တစ်ခုရလိုခြင်းပင်ဖြစ်ပါသည် ။

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို မော်တော်ကားတစ်စီး အဖြစ်လည်းကောင်း

စိတ်နေစိတ်ထားများအားလုံးကို ကားတစ်စီး ခရီးသည် များအဖြစ်လည်းကောင်း စိတ်ကူးကြည်ပါ ။

ခရီးသည်များသည်  မော်တော်ကားလက်ကိုင်ကို ထိန်းချုပ်ရန် အတွက်

ကားမောင်းကားလက်ကိုင် ထိန်းချုပ်ရန် အတွက် ကားမောင်းသူနေရာကို

လုနေကြသည် ။ သို့သော်  အခြေအနေ  ဘာဖြစ်လာမည်ဟု ထင်ပါသလဲ

မတော်တစ်ဆ ဖြစ်မူ  သို့မဟုတ် ကားတိုက်မူဖြစ်ပေါ်လိမ်မည် ။

ထိုအတူ ပြောင်းလဲနေသည့် စိတ်နေသဘောထားများကို မည်သို့ ကိုင်တွယ် ရန်

မသိကြသော  အလူအမျးစုတို့၏ ဘ၀များသည်  အလားတူပြိုကျပျက်စီးသွားလိမ်မည်။

ပြောင်းလဲသော စိတ်နေစိတ်ထား များသည်  လူတို့၏ ပင်ကိုယ်စရိုက် ကို

မတည်ငြိမ်အောင် ဖြစ်ပါ၏။

ကားစီခရီး သည်များကို သင်လျော့ချရမည် ။ အချိုကိုလမ်းတစ်လျှောက်ရှိ 
ကားမှတ်တိုင်များ  ဆင်းသွားစေရမည်။ အနှောင့်အချက်ပြုသော ခရီးသည် များကို

ဖယ်ရှားပစ်ရမည်  အလားတူ သင်၏စိတ်နေစိတ်ထားများကို  လွမ်းမိုးကြသော ဒေါသ ၊

လောဘ စိုးရိမ်မူ မနာလိုမူ မကောင်းသော အလိုဆန္ဒစသည် တို့ကို ဖယ်ရှားရမည် ။

ဒါတွေကို ဖယ်ရှားနိုင်ပြီးဆိုရင်

သင်အောင်မြင်သော လူသားတစ်ယောက် ဖြစ်လာလိမ်မည်။

ဆက်လက်ကြိုးစားလျှက် တက္ကသိုလ် မောင် သုတ …။




No comments:

Post a Comment