လောကကြီးသည် ကျယ်ဝန်းသော စစ်တလင်း တစ်ခု ဖြစ်ပါသည်။ နေရာ တစ်ကာ တွင် တိုက်ပွဲများ အကြမ်းဖက်မူများနှင့် သွေးထွက် သံယောမူများ ဖြစ်ပေါ်နေကြပါသည်။ လူဘ၀သည် ထာဝရ ရုန်းကန်မူနှင့် ၀ိသေသလက္ခဏာပြုထားပါသည် ။ အဏုများက အဏုမြူများကို ဆန့်ကျင်ကြတယ် အီလက်ထရွန်များက အီလက်ထရွန်များကို ဆန့်ကျင်ကြတယ် ။ မိန်းမများက မိန်းမများကို ဆန့်ကျင်ကြတယ် ယောင်္ကျားများက ယောင်္ကျားများကို ဆန့်ကျင်ကြတယ် ။ လူများက တိရစ္ဆာန်များကို ဆန့်ကျင်ကြတယ် ။ တိရစ္ဆန်များက လူများကို ဆန့်ကျင်ကြတယ် ၊ လူများက သဘာဝများကို ဆန့်ကျင်ကြတယ် သဘာဝများက လူများကို ဆန့်ကျင်ကြတယ်၊ ဤသို့လျင် လူတစ်ယောက်စီ၏ ခန္ဓာကိုယ် အတွင်း ထ၀ရ ဖြစ်ပျက် ပြောင်းလွဲခြင်းနှင့် ရုန်းကန် လှုပ်ရှားနေကြတယ် ။ ကမ္ဘာလောကကြီးကဲ့သို့ပင် စိတ်သည်လည်း တိုက်ပွဲများစွာ ဖြစ်ပွားနေသည့် စစ်တလင်းကြီး တခု နဲ့ တူပါပေ၏။ သေးငယ်သော ဖြစ်ရပ်တိုင်းသည်ပင် စိတ်၏ ဟန်ချက်ကို အနှောင့် အချက်ပြုနေကြသည်။ သားတစ်ယောက်မွေးဖွားလာသောအခါ စိတ်သည် အလွန်ပျော်ရွှင်ဝမ်းမြောက်နေမည်။ နောက်တစ်ခဏ အတွင်း ခလေးငယ်က နာ မကျန်းဖြစ်လို၊ မတော်တဆထိခိုက်မိလို ။ သို့ မဟုတ် ကုသလို မရတဲ့ ရောဂါ တစ်ခု ဖြစ်ပွားတဲ့ အခါမှာ စိတ်သည် ပျော်ရွှင် ချမ်းမြေ့မူကို မရနိုင်တော့ ပါဘူး။
စိတ်သည် ပျော်ရွှင်ချမ်းမြေ့ခြင်းနှင့် ၀မ်းနည်းပူဆွေးခြင်းဟူသော အစွန်း နှစ်ဘက်အတွင်း အတက်အကျ ဘောင်ဘင်ခတ်နေ၏။ ဘောင်ဘင်ခတ်နေရသည် အကြောင်းမှာ ဘ၀၏ သဘာဝမှန်ကို သိမြင်ရန် စိတ်ကို မလေ့ကျင့်ထားခြင်းဖြစ်ပါသည်။ဤအကြောင်းကြောင့် ပင် သာမာန်လူတို့သည် ခဏမစဲပြောင်းလဲနေသော ကမ္ဘာလောက၌ ဆင်းရဲမူ ကြောက်ရွှံမူတို့နှင့် မသေချာမူတိုကို ၊ အမြဲလိုလို တွေးကြုံခံစားနေကြပြီး။ စိတ်ကျေနပ်မူတို့ကို အနည်းငယ်မျှသာ ခံစားကြရသည်။
သို့သော် လူတစ်ယောက်ကို ဘာဝနာရူပွားခြင်းဖြင့် လေကျင့်ပေး၍ အရာဝတ္ထုများ၏ သဘာဝကို အမှန်တကယ်ရှိသည် တိုင်းမြင်သိလာလျှင် စိတ်သည် ကမ္ဘာလောကကြီးနှင့် ငြိကပ်တွယ်တာမူရှိမှာ မဟုတ်တော့ဘူး ချည်နှောင်ထားခြင်းလဲ မရှိတော့ဘူး ဒီအကြောင်းကြောင့်သူသည် ။ ဆင်းရဲခြင်းနှင့် ကမ္ဘာလောကကြီး မပြည့်စုံခြင်းတို့၏ လှိုင်းဂယက်မှ ကင်းရှင်းစွာ နေထိုင်နိုင်ပါလိမ်မည်။
ဘ၀သည် ထာဝရ တိုက်ပွဲတစ်ခု ဖြစ်ပါသည်။ တိုက်ပွဲကို အပြင်ဘက်နှင့် အတွင်းဘက်ဟူ၍ မျက်နှာစာ နှစ်ဘက်တွင် ဆင်နွဲ၏။ အပြင်ဘက် စစ်ကြောင်းသည် ပညာစွမ်းရည်နှင့် ကျိုးကြောင်း ဆင်ခြင်နိုင်မူ စွမ်းရည်တို့ ဖြစ်ကြပါသည်။ ပထမစစ်မျက်နှာ၏ အင်အားကုန်ခန်းသွားလျှင် လူသည် သူ၏အတွင်းခံစားမူမျးနှင့် စိတ်ကူးများဖြစ်သော ဒုတိယ စစ်မျက်နှာသော ဆုပ်ခွါပြီ ထိနေရာမှ တစ်ဖန် အသစ် တိုက်ခိုက်ရန် ကြိုးပန်းပါသည်။ ဒုတိယ စစ်မျက်နှာလေး ကျဆုံးသွားလျှင် သူ့ကိုယ်တွင်းသို့ ဆုပ်ခွါ၍ သူ၏ဒဏ်ရာကို တစ်အောင့်ကြာကုသပါသည် ။ နောက်တစ်နေ့တွင် တဖန်ထွက်တိုက်ပြန်တယ် ။ သို့ပါသော် သူသည်လုံးဝ အစစ်စစ်အမွှာမွှာပြိုကွဲပြီး သူကိုယ်တွင်းသို့ ဆုပ်ခွါနေရသည့် အခါ။ သူ၏ဒေါသ မှန်းခြေမကိုက်၍ စိတ်ပျက်မူများ လိုချင်ဖြစ်ချင်မူများ. စိတ်ကူးယဉ်မူများနှင့် အတူနေထိုင်ရ၏။ ဤသိုကြာရှည်စွာနေထိုင်ရလျှင် ။သူ၏မူမှန်စိတ်သည် ထိခိုက်သွားနိုင်သည်။ ဖောက်ပြန်သွားနိုင်သည်။
ထိန်ချုပ်မူ မရှိသောစိတ်သည် တစ်ကိုယ်ကောင်းဆန်မူ လိုချင်မူ မရှိသောလောဘ။ လောကီကျော်စော်မူ တွယ်တာမူ လာဘ်ရမူ ပိုင်ဆိုင်မူများတိုနှင့် ပတ်သပ်သော မကောင်းသောစိတ်ကူးများ၏ လွမ်းမိုးခြင်းကို ခံကြရတယ် ။ဤစိတ်ညွတ်မူများကို မဟန့်တားလျှင်၊ စိတ်သည် မာရ်နတ်၏ အလုပ်ရုံဖြစ်သွားပါလိမ်မည်။ ထိုအခါ လူသားများသည် ကြောက်မကဖွယ် သတ္တ၀ါကြီးများ အဖြစ်သော ပြောင်းလွဲသွားနိုင်ပါသည် ။ သူတို့သွားမည်လမ်းပေါ်ရှိ မည်သူကို မဆို မည်သည့် အရာကို မဆို သတ်ဖြတ်ဖျက်ဆီးရန် မတွန်းဆုတ်ကြတော့ဘူး။
ဤအရာအားလုံး၏ အကျိုးတရားကား အဘယ်ပါနည်း၊ဤ စိုးရိမ်ပူပင်မူများနှင့် သောကဖီစီးမူ ဒဏ်တို့သည် ။ စိတ်ရောဂါများနှင့် စိတ်အနှောင်းအချက်အချက်များ အဖြစ် အကောင်အထည်ပေါ်လာကြတယ် ။ဤကြောက်ရွှံမူ စိုးရိမ်းမူ မလုံခြုံမူ မနာလိုမူစသော အကျိုးယုတ်စေသည် စိတ်လှုပ်ရှားမူများသည် သက်ဆိုင်သော ပုဂ္ဂိုလ်များကို ဆင်းရဲစေရုံသာမက သူ့ပတ်ဝန်းကျင်ရှိလူတို့ကိုလည်းဆင်းရဲစေပါတယ်။
Ashinvasahta
No comments:
Post a Comment