Thursday, 26 January 2012

ဆန်းသစ်လာသော (IT) နည်းပညာနှင့် အတူ ။

နာရီနှင့် ရေနွေးအပူပေးစက်ပါဝင်သော USB hub













ဒါဟာ အပေါက်လေးပေါက်ပါဝင်ပြီး ဘက်ထရီပါဝါသုံး နာရီနဲ့ အကောင်းဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရေနွေး အပူးပေးစက်ပါဝင်ပါတယ် ။ အပူပေးတဲ့ ပလိတ်ပြားဟာ သင့်ရဲ့ ကော်ဖီခွက်ကို အပူချိန် ၁၂၂ မှ ၁၄၀ ဒီဂရီ ဖာရင်ဟိုက်ထိ ပေးနိုင်ပြီး ကော်ဖီ သို့မဟုတ် လက်ဖ္ဘက်ရည်ဖျော်ဖို့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ် ။ ပြီးတော့ အဖွင့် အပိတ် ခလုပ်လေးက သင့်ကို ကော်ဖီခွက် အပူပေးခြင်းမှ မထိခိုက်စေပဲ အနီရောင် LED မီးသီးလေးက အပူပေးပလိတ်ပြား မီးဝင်မ၀င်ကို ညွှန်ပြပေးမှာ ဖြစ်ပါတယ် ။ နာရီကတော့ ဓါတ်ခဲနဲ့ သွားတာဖြစ်တဲ့အတွက် သင့်ကူပြူတာ Shut down ဖြစ်နေတဲ့အချိန်မှာ လက်ရှိရောက်နေတဲ့ အချိန်နဲ့ နေ့စွဲကို မှန်မှန်ကန်ကန် ဖော်ပြပေးမှာ ဖြစ်ပါတယ် ။

စာရေးသူ.....သက်တန့်ချို မှ ပေးပို့်ပါသည်။

No comments:

Post a Comment