မြတ်ဗုဒ္ဓသီတင်း သုံးတော် မူခဲသော ရာဇဂီ(ရ်) ခေါ် ရာဇဂြိုလ်သို့ အလည်တစ်ခေါက်
စာရေးသူတို့ အဖွဲ့ ကားဖြင့် ဗုဒ္ဓဂယာ မှာ နံနက် ၇ နာရီ အချိန် ထွက်ခွါလာကြရာ ၉နာရီ ၁၀မိနစ် မှာ
ရာဇဂြိုလ်မြို့တော်ကို ရောက်ရှိခဲပါသည် ။ ဤရာဇဂြိုလ် သည် ခေတ်ဟောင်းကာလ
ကတည်းက အများအားဖြင့် မာဂဓဘုရင်ဗိမ္ဗိသာရ၏ နေပြည်တော်မြို့ဟု ခေါ်ကြပါသည်။ယခုအချိန်တွင်
ဤနေရာသ်ဘီဟာပြည်နယ်
နာလန္ဒာမှာ၁၃ကီလိုမီတာသာဝေးပြီး တောင်များပတ်လည်ဝန်းရံထားသောနေရာဖြစ်သည်
ခေတ်ဟောင်းက မဇ္ဈိမ ဒေသဟုခေါ်သည်
ဘာရတနိုင်ငံ၏ ၁၆ ပြည်ထောင်အနက် ပြည်ထောင်စု တစ်ခုဖြစ်ပါသည်။
ရာဇဂီရ ဆိုသည်မှာ မင်းစိုး ရာဇာများနေထိုင်ရာ အရပ်ဟူ၍ အဓိပါယ်ရသည် ရာဇဂြိုလ်ဟာ
တောင်ငါးလုံးခြံရံထားသည့် မြို့လေး တမြို့ဖြစ်ပါသည်။ စာရေးသူတို့ ရောက်သွားသော အချိန်မှာ
ဤရှေ့ဟောင်းမြို့၏ နေရာတွေဟာစိမ်းလန်းစိုပြေသည့် တောတောင်လှိုမြောင်ပြည့်လျက်အလွန်သာယာသော
ရူခင်းများကိုမြင်တွေနိုင်ပါသည်။ဘုရင်ကြီးဗိမ္ဗိသာရသည်မိမိပိုင် ဝေဏုဝန(ဝေဠုဝန) ဝေဠုဝန်ဥယျာဉ်နေရာကို
ရှင်တော်မြတ်ဗုဒ္ဓနှင့် သံဃာတော်အပေါင်သီတင်းသုံးနိုင်ရန် ပထမဦးဆုံးလှူဒါန်းခဲသူဖြစ်ပါသည်။
ထို ဝေဠု ၀န်ဥယျာဉ်သည် ယနေ့ထိတိုင်အောင် ရာဇဂြိုလ်မြို့ ၏ ကျက်သရေ တရပ်ဖြစ်နေပါသည်။
စာရေးသူတို့လေး မြတ်ဗုဒ္ဓ သီတင်းသုံးတော်မူခဲသော ဝေ ဠုဝန်ကျောင်းတော်နေရာကို သွားရောက်
ဖြစ်ခဲပါသေးတယ်၊ ထိုဝေဠု ၀န်ဥယျာဉ်၏ အလယ်ဗဟိုနေရာတွင် ရေကန်တကန်ရှိရာ ထိုကန်ထဲမှာ
ရှင်တော် မြတ်ဗုဒ္ဓရေချိုးခြင်း သပ်ပယ်ခြင်း တို့ကို ပြုလုပ်လေ့ရှိပါသည်။ ထိုရေကန်ကို
ယနေ့ထိတိုင်တွေးမြင်ခဲရပါသည် ဤဝေဠု ၀န တောကိုဲ ရှေ့ဟောင်းသုတေသနဌာနမှကြီးမှူးပြီးတော့
ဝေဠု ၀န်မြေနေရာ ကို တူးဖော်ရှာဖွယ်ရာ မြတ်ဗုဒ္ဓ၏ဆင်ထုတော်တစ်ဆူတွေရှိခဲသည်ဆိုတဲ့ အကြောင်းကို
တာဝန်ကျ သူတစ်ဦးက ပြောပြလို သိရှိခဲရပါသည်။
မြတ်ဗုဒ္ဓဆင်းထုတော်ကိုလေး စာရေးသူတိုအဖွဲဖူးမျှော်ပြီး ဝေဠုဝန်ကျောင်းတော်ကြီးပတ်လည်တစ်
လျှောက် လေ့လာကြပြီးတော့ အေဒီမှ တဆင့် ဝေဠု ၀န်မှ မီတာ-၂၀၀ ခန့် ဝေးသည့်မြောက်အရပ်၌
ကားလမ်းမကြီးဘေး၌ ရေပူစမ်းတခုရှိရာကို ရောက်ရှိကြသည်။ ထိုရေပူစမ်းဟာဟိန္ဒူဘာသာဝင်တို့အတွက်
အလေးမြတ်ဆုံး တန်ဖို့ထားအပ်သော အရာတစ်ခုဖြစ်နေပါတယ် အဘယ်ကြောင့်ဆိုသော် ဤရေပူစမ်းကို
နေရာဌာန နှစ်ခုသပ်မှတ်ထားတာတွေကို တွေးမြင်ရမယ်။ ဟိုရှေ့တုန်းက ရှိခဲဘူးတဲ့ ဇာတ်မြင့် ဇာတ်နိမ့်
ဆိုအစဉ်အလာကို ဒီနေ့ထိ အိန္ဒိယနိုင်ငံ အတွင်းမှာ ကျင့်သုံးနေကြတုန်းဖြစ်ပါသည်။ ဒီရေပူစမ်းမှာဇာတ်မြင့်
တွေက အပေါ်က ရေသန့်တွေကို ချိုးကြပါတယ် ဇာတ်မြင့်တွေ ရေချိုးလို ကျလာတဲ့ ရေတွေကိုမှ
ဇာတ်နိမ်ဆိုသူများက အောက်ကခံပြီချိုးကြရတဲ့ အိန္ဒိယ ဟိန္ဒူဘာသာဝင်များရဲ့ ဓလေ့စရိုက်တွေဟာ
ကမ္ဘာမှာ ဘယ်နိုင်ငံကမှ လက္ခံနိုင်စရာမရှိတဲ့ အယူအဆများကိုဒီနေ့တိုင်ဟိန္ဒူဘာသာဝင်တွေကလက္ခံကျင့်
သုံးနေကြတာဟာ ကြားရ မြင်ရတဲ့ ပုဂ္ဂိုလ်တိုင်းက လက္ခံနိုင်ပမလား?????? သို့ဘယ်မဲ့လည်း……။။
အပိုင်း ၂ …ဆက်ရန် … တက္ကသိုလ်မောင်သစ် .မေတ္တာဖြင့်။..
No comments:
Post a Comment