သူတို့နဲ့မဆုံ ဖြစ်ခဲရင်။……
စာရေးသူတို့ တက္ကသိုလ်တက်နေစဉ်အတွင်းလေ၊ ၆ .၂၂ .၁၁ နေ့ကပေါ့ သူတို့နဲ့ အမှတ်မထင် ဆုံတွေး
လိုက်တော့ ဘ၀အတွက် အမှတ်တရနေ့တွေ ဖြစ်ခဲရပါသည်။စာရေးသူကအမြဲလို၂မဟာဗောဓီခြေတော်ရင်း
သော မနက် သို့မဟုတ် ည တစ်ချိန်တော့ ရောက်ဖြစ်ပါသည်။ ဘာလိုလေးဆိုတော့ အခွင့်အခါရှိတုန်း ဗုဒ္ဓ
ဟာ ဒီမဟာဗောဓီခြေတော်ရင်းမှာ ဆင်းရဲ ဒုက္ခ အပေါင်းမှ အပြီးတိုင် လွတ်မြောက်သွားခဲတယ်လေ။
ဒါကြောင့်ဒီနေရာဟာ စာရေးသူတို့အတွက် အဖို့မဖြတ်နိုင်တဲ့ ရတနာနယ်မြေတစ်ခု ဖြစ်နေတာပေါ့ ။ဒီလိုနဲ့
အမြဲလို၂ ရောက်ဖြစ်ပါသည်။ အဲဒါကြောင့်လေး နီပေါသူတွေနဲ့ မမျော်လင်းဘဲ ဆုံဖြစ်တာလေ။ သူတို့က
မဟာဗောဓီဆီသို့ အလာ စာရေးသူက အပြန် လမ်းတစ်နေရာမှာပေါ့၊ hello ,please can you some help
us? စာရေးသူက
ငါမင်းတို့ကို ဘာကူညီရမလေး ဆိုတော့ ။ သူတို့က တစ်ယောက်က we not have been to bodhgaya
so can you guide to us ? . ဒီနေရာကို ငါတို့ တစ်ခါမှ မရောက်ဘူးပါ ဒါကြောင့် တိုကို guide
လုပ်ပေးနိုင်မလား လုပ်ပေးပါလားပေါ့။ စာရေးသူကလေးကိစ္စမရှိပါဘူး။မင်းတို့မရောက်ဘူးဆိုရင်ငါကူညီပေး
နိုင်ပါတယ် ဒါဘေမဲ့ ဒိုမှာ အခုကျောင်းတက်နေရတယ်။ မင်းတို့ကို အချိန်ပိုင်းသာ ငါကူညီပေးနိုင်မယ် အော်
ဖြစ်ပါတယ် ဘန္တေ ကူညီးပေးနိုင်ရင် ကျေနပ်ပါပြီး။ ဆိုပြီး မဟာဗောဓီစေတီ သတ္တဌာန တွေကိုလိုက်ပြပေါ့
သူတို့ တည်းခိုမယ့် ဟိုတယ်ဆီသွားပြီး guide လုပ်ပေးရနဲ့ စာရေးသူလေး အေဒီနေ့ တနေ့လုံး ကျောင်းမတက်
ဖြစ်လိုက်ဘူး။ စေတနာအပြည်နဲ့ ကူညီပေးလိုက်တော သူတို့က ဘန္တေ နဲ့ တေွးတာ တို့ ကံကောင်းပါတယ်
ဆိုပြီး စာရေးသူကိုလေး သဘောကောင်းတယ် ၀မ်းသာအားရနဲ့ပေါ့ အပြုံကိုယ်စီနဲ့ သူတို့ရဲ့ မျက်ဝန်းတွေကို
ကြည်ရတာ စာရေးသူကိုယ်တိုင် ပီတိတွေဖြစ်တာပေါ့်။ ဒီလိုနဲ့ နောက်တစ်နေ့မှာ
ကျန်နေသေးတဲ့ နေရာတွေ
ထိုင်းဘုရားကျောင်း၊ ဂျပန်ဘုရား ၊တရုပ်ဘုရားကျောင်း၊တိဘက်ကျောင်းများကို။ သွားရောက်လေ့လာကြပြီး
နေ့လည် ၁၁နာရီ အချိန် သူဇာတာ ဟိုတယ် မှာ ထမင်းစား စာရေးသူကိုဆွမ်းဆက်ကပ်ကြတယ်။ အေဒီမှာ
ခေတ္တ အနားယူပြီး နောက်သွားမယ်နေရာများကို စီစဉ်ကြပေါ့စာရေးသူက နေရာတွေကို ပြောပြဒီဗုဒ္ဓဂယာ
နယ်မြေမှာကတော့ ဥရုဝေလ တော ၊သူဇာတာရွာ နောက်ပြီး ဗုဒ္ဓနှင့် အတူတရားကျင့်ပြီး အိန္ဒိယနိုင်ငံရဲ့
ပညာရှင်တွေဆုံခဲတဲ့နေရာ။ နောက် ဗုဒ္ဓ ကိုအမြဲတမ်း နှင့်ယှက် သံဃာတွေကို သင်းခွဲသော ဒေ၀ဒတ်
ရဲ့ကျောင်းတော် နေရာတွေရှိတယ်၊ ဘာကိုအရင်သွားမလေး တစ်နေ့နဲ့တော့ မပြီးနိုင်ဘူး အနည်းဆုံးနှစ်
ရက်လောက်တော့ သွားရမယ်၊ ဆိုပြီး စာရေးသူက ပြောလိုက်တယ်၊ သူတို့က ဘန္တေ အဆင်ပြေတဲ့နေရာ
ကိုအယင်သွားပါ ။ ဘာလိုလေးဆိုတော့ ဒိုက မရောက်ဘူးလေ( ရယ်ရယ်မောမော)နဲ့ ပေါ့ ဒါဆိုရင်မင်းတို့က
ငါကိုယုံလား ငါ.က မင်းတို့ကို ရောင်းစားမယ်ဆိုရင်ကော ၊ဘယ်လိုလုပ်မလေး စာရေးသူက ကျီစားလိုက်
တဲ့ အချိန်မှာ တစ်ယောက်သော နီပေါသူလေးက မင်းရောင်းမယ်ဆိုရင် ဒီအိန္ဒိယ မှာ မရောင်းပါနဲ့ကွာဘန္တေ
တို့မြန်မာနိုင်ငံမှာ ရောင်းမယ်ဆိုရင် ရတယ်လေ ရောင်းပေါ့ဆိုပြီး ပြောလိုက်တော့ အားလုံးရယ်ကြ၊ ဒါဆိုရင် လိုက်ခဲလေ စာရေးသူက ပြန်ပြောလိုက်တော့..
ခေါ်မယ်ဆို လိုက်မယ် ။ ပြေပြောဆိုဆိုနဲ့ ။ စာရေးသူတို့ အဖွဲ မြတ်ဗုဒ္ဓ သိဒ္ဓတ္ထမင်း ဘ၀နဲ့ ၆နှစ် တိုင်တိုင်
လူသာမန်တို့ ကျင့်နိုင်ခဲသော ဒုက္ကရစရိယာ အကျင့်ကို ကျင့်တော်မူရာဖြစ်သော ဥရုဝေလ တောကြီးဆီကို အယင်သွားကြပါသည်။လမ်းတစ်လျှောက် မြင်ရတဲ့ မြင်ကွင်းတွေက စာရေးသူကို မြတ်ဗုဒ္ဓ လက်ထက်တုန်း
ဗုဒ္ဓဟာ ဒီနယ်မြေ ဒီဒေသတွေမှာ သွားလာပြီး နေခဲဘူးမှာကတော့ အမှန်ပါဘဲလား။ ဟို အခုကြည်စမ်း
စိမ်လန်းတဲ့ တောတောင် ၊ သာယာရူမော်ဖွေ ကောင်းသော နေရဉ္ဖာရာမြစ်ကမ်း တွေက သိဒ္ဓတ္ထမင်းသားကို တရားကျင့်ဖို့အတွက် ဖိတ်ခေါ်ကြလေသလားမသိ။တကယ်တော အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုက အမတန်
ပူပြင်းလွန်းပါတယ်၊ နွေ မိုး ဆောင်း ဥတုသုံးပါးမှာ နွေ ဥတု နဲ့ ဆောင်ဥတု သာရှိပါတယ် မိုးဥတု ဆိုတာ မရှိပါဘူး ။ စာရေးသူတို့ ရောက်နေတာ တစ်နှစ်ရှိပြီ မိုးရွာဒါက နှစ်ခါ သုံးခါလောက်သာ ရှိပါသေးသည်။
သို့ဘေမဲ့လေး ဒီဗုဒ္ဓဂယာ နယ်မြေ ဧရိယာ တွေမှာနေပူပြင်း သလောက်သစ်ပင် တောတောင်များကတော့ အမြဲစိမ်းလန်းစိုပြေတာက ထူးခြားမူ တစ်ခုဆိုရင်မမှားပါဘူး။ဒီလိုနဲ့ဥရုဝေလတောကို ရောက်သွားကြသည်။
စာရေးသူက ရှင်းပြရတာပေါ့ ဒီနေရာဟာ တို့ဗုဒ္ဓ ဘုရားမဖြစ်ခင် တရားကျင့်တော်မူခဲသောနေရာ ဒီမှာ ၁၊
ဥရုဝေလကဿပ ၂၊ နဒီကဿပ ၃၊ ဂယာကဿပ ဆိုပြီး သုံးဦးနှင့်တကွ တစ်ခြား ပညာရှင်တွေလေး
ဒီနေရာမှာ တရားကျင့်ခဲဘူးကြောင်း သက်သေအထောက်အထားတွေရှိပါတယ်။ ဒါကြောင့်လေး ။
ဒီနေရာကိုရောက်ဘူးတိုင်း ဗုဒ္ဒ္ဓကိုအားကျပြီး တရားကျင့်သွားကြတဲ့ပုဂ္ဂိုလ်တွေလေးအများကြီးရှိခဲဘူးပါတယ် ။ ခြောက်နှစ်တိုင်တိုင် ၊ခက်ခဲပြင်းထန်တဲ့ အကျင့်များကို ကျင့်တော်မူခဲပါသည်။ သို့သော် သူလိုချင်သော
ဓမ္မကို မတွေးခဲဘူး ဒီလိုနဲ့ ဥရုဝေလ အနီး ကီလိုမီတာ ၁၅ မီတာခန့်ဝေးကွာသို့ သူဇာတာ သေနနိဂုံးရွာ
နားက သူဇာတာ သူဌေးသမီး သားဆုတောင်းသော ညောင်ပင်အောက်မှာ ဆက်လက်ပြီး တရားကျင့်တော်
မူပါတယ်။ အေဒီအချိန်မှာ တိုက်ဆိုင်တယ်လိုပြောရမလား ၊ ဒါမှမဟုတ် နတ်ဗြဟ္မာတွေများ တိုက်တွန်းပေး
လေသလားမသိ၊ သားဆုပန်နေကြဖြစ်သောဤညောင်ပင် အောက်ကိုသားဆုတောင်းရန် ရောက်လာသူက
သူဇာတာသူဌေးသ္မီး အိမ်မှကျွန်မလေးတစ်ယောက်လေ၊သူကိုသူဇာတာသူဌေးသ္မီးက ရှေ့ဦးလမ်းရှင်းခိုင်းတဲ့
သဘောဖြစ်မှာပေါ့၊သိဒ္ဓတ္ထမင်းသား လေးဒီညောင်ပင်အောက်မှာတရားရူမှတ်နေခိုက်ကျွန်မလေး တွေးလိုက်
တယ်ဆိုရင်ဘဲ ၊ဟ တို့ သူဌေးမကြီးကတော့ အမတန်ကံကောင်းပါလား၊ ရုက္ခစိုး နတ်မင်းတောင်
ကိုယ်ထင်ပြရတယ် ။ဆိုပြီး အံသြ ၀မ်းသာမူနဲ့ အတူ သူဌေးမ သူဇာတာဆီသော သူမြင်တွေခဲရပုံ
အကြောင်းအရာတွေကိုရှင်းပြတာပေါ့ ၊ သူဇာတာသူဌေးသ္မီးကလေး ၀မ်းသာအားရနဲ့ ငါတို့ ကံကောင်းပြီး
ဆိုပြီး ဒီညသူမှာ မွေထားသောနွားမအကောင်ငါးရာဆီက နွားနိုတွေကိုညှစ်ပြီး နေက်နွားမ နှစ်ရာငါးဆယ်ကို
တိုက်ကျွေး အေဒီ နွားမနှစ်ရာ့ငါးဆယ်မှ နွားနိုများကို နောက်နွားမ တစ်ရာနှစ်ဆယ့်ငါးကောင်ကို
တိုက်ကျွေး အေဒီတစ်ရာ့နှစ်ဆယ်ငါးကောင်မှနွားမများဆီမှ နိုများကို နောက်ခြောက်ဆယ်ငါးကောင်သော နွားမများကို
တိုက်ကျွေးပြီး၊ အေဒီခြေက်ဆယ်ငါးကောင်သောနွားမတွေဆီက နွားနိုများကိုသုံးဆယ်ငါးကောင်သော နွားမတွေကိုတိုက်ကျွေး
ပါသည်၊ဒီနောက်ဆယ့်ငါးကောင်သောနွားမတွေကိုတိုက်ကျွေး။နောက်ဆုံးရှစ်ကောင်သောနွားမများကိုတိုက်
ကျွေးပြီး အေဒီ ရှစ်ကောင်သောနွားမတွေဆီ ရရှိသော နွားနိုများကို နိုထမင်းအဖြစ်ချက်ပြုတ်ကြရပေါ့။ ဒီနေရာမှာ
စာရေးသူအနည်းငယ်ပြောပြချင်သေးတယ်။အိန္ဒိယနိုင်ငံအတောများများမှာယနေတိုင် နွားနိုများကို မိမိ
အိမ်ဦးနတ်ဆိုသော လင်ယေင်္ကျားတွေကို အမြတ်တနိုး ဆိုပြီး တိုက်ကျွေးလေရှိပါသည်။ နောက်ပြီး
novermber လရောက်တိုင်း သူဇာတာသူဌေးသ္မီးကို အမှတ်ရတဲ့ သဘောရှိမယ်ထင်တယ်။ သူဇာတာ
ဟိုတယ်၊ မှာ အမြဲနိုဃနာ ထမင်းကို ချက်ပြုတ်လေရှိတယ်။ စာရေးသူလေး အမှတ်မထင် ဗုဒ္ဒ္ဓဂယာ
ရတနာဗောဓီကျောင်းမှာ သူဇာတာဟိုတယ်က လာလှူသွားသော နိုဃနာဆွမ်းကို ဘုန်းပေးဖြစ်ခဲပါသေး
သည် အမှတ်တရထဲက အမှတ်တရ တစ်ခုလေ ။
အပိုင်း၂ ဆက်ရန် တက္ကသိုလ်မောင်သစ်။...
No comments:
Post a Comment