ဘသာပြန်ရေးပို့လိုက်ပါသည်ယခုအချိန်သည်သင့်အတွက်အရေးအကြီးဆုံးအချိန်ဖြစ်သည်
လက်ငင်းလုပ်စရာရှိသည်များကို ခေတ္တရပ်နားပြီး။ သေသေချာချာ စဉ်းစားပါ။ ဘ၀ရဲ့ အဓိပါယ်ဆိုတာ အဘယ်နည်း။
ငါရဲ့ဘ၀သညမည်သို့ဖြစ်ပေါ်လာသနည်း။ဒီဘ၀တွင်မည်သည်ကိစ္စရပ်များကိုငါဆောင်ရွက်သင့်သနည်း။ငါသည်
ပညာဗဟုသုတပြည်စုံလိုတယ်။ အောင်မြင်ချမ်းသာချင်တယ်။ထင်ပေါ်ကျော်ကြားလိုတယ်။ဘယ်လိုလုပ်ဆောင်ရမလဲ။
ဒီဘ၀မှာအဖို့အတန်းဆုံးအရာများကဘာတွေလေ။ငါနှလုံးသားတွေမှာမည်သို့သောတရားများကို ထွေးပိုက်ထားသင်သနည်း။
ဘ၀ရဲ့ ပန်တိုင်းကား အဘယ်နည်း။လေးလေးနက်နက်စဉ်းစားပါ။ သင့်ဘ၀ရဲ့ အဓိပါယ်ကိုမျှမသိဘဲ။သင့်ဘဝ
ပန်းတိုင်ကိုမျှမချမှတ်ရသေးဘဲလျက် ဘ၀ခရီးဆက်ရန်မသင့်ပါ။ ဒီစာတမ်းသည် သင့်ဘ၀လမ်းကြောင်းကို
အကောင်းမွန်ဆုံး ဘက်သို့ ထိပ်ဆုံးရောက်အောင်ပြောင်းလဲစေနိုင်ပါလိမ်မယ်။ လေးလေးစားစားဖတ်ရူ ပါ
နက်နက်နဲစဉ်းစားကာ ဆုံးဖြတ်ပါလေ။ ဘ၀တစ်ခုတွင် ထင်ရှားသော ဖြစ်ရပ်သုံးသာရှိတယ် ။ မွေးဖွားခြင်း၊
အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းတို့ဖြစ်ကြတယ်။လူသည် မွေးဖွားခြင်းကိုအရုံမခံစားနိုင်တော့။သေခြင်းနှင့်ရင်ဆိုင်ရသောအခါ
ထိန်လန့်ကြောက်ရွံကြတယ်။ အသက်ရှင်နေခိုက်တွင်အကျိုးရှိစွာနေထိုင်ရေးကို မေ့လျော့နေကြတယ်။
လူတွေဟာ ညအခါ သမုဒ္ဒရာထက်ပင်လယ်ကြီးထဲမှာ လွင့်မျောနေသောသစ်လုံးဖောင်တစ်ခုထက်ဝယ်
တွယ်ကပ်နေကြသည်.သင်္ဘောပျက်တစ်စောင်းမှခရီးသွားတစ်စုနှင့်တူတယ်။ပတ်ဝန်းကျင်းတစ်ခုလုံးသည်မှောင်မိုက်လျက်ရှိနေတယ်လှိုင်နှင့်လေတိုက
ပြင်းထန်လျက်ရှိတယ်။လှိုင်လုံးများရိုက်ပုတ်သည့်ဒဏ်ကြောင့်ခရီးသွားများသည်တစ်ယောက်ပြီတစ်ယောက်ဖောင်ထက်မှ
လွင့်စဉ်သွားကြတယ်။ထိုလူတိုကျရောက်သည့်နေရာများ တ္တေမျှချိုင့်၉ှမ်းသွားသောအပေါက်ငယ်ကလေးကိုလည်ကောင်းထိုသူတို့ရဲ့
ခန္ဒာကိုယ်များကိုလည်းကောင်းသမုဒ္ဒရာရေပြင်ကလျင်မြန်စွာဖုံးလွမ်းလိုက်တယ်။ဒီလှိုင်းများကမည်သည်အရာမျှ
မဖြစ်ခဲလေဟန်လှုပ်ရှားမြဲလှုပ်ရှားနေကြတယ်။သဘာဝသည်လူသားကိုဂရုစိုက်ခြင်းမရှိပါ။။လောကရတနာ။
စိန်။ကြောင်.နီလာ သန္တာ၊ ဂေါ်မုတ်၊ ဥဿဖရား၊ပတ္တမြား၊ မြ၊ရွေ၊ငွေတိုသည်
အဖိုတန်ရတနာများဖြစ်ကြသည်ဟုလူတိုသပ်မှတ်ကြတယ်
အမှန်မှာ စိန်၊ကြောင်၊နီလာပတ္တမြား၊ မြ စသ်ာတို့သည် တွင်းထွက်ကျောက်တုံးကလေးများသာဖြစ်တယ်
။ရှားပါးပြီးလှပတဲ့အတွက် ငွေဖြင့်တန်ဖို့ဖြတ်ထားလိုသာ အဖိုတန်တယ်လို
ထင်မှတ်နေကြတယ်။ထိုကျောက်မျက်ရတနာများကို လည်ဆွဲတန်ဆာပြုပြီး ရင်မှပြန်ဆင်လိုက်သောအခါ
ဂုဏ်တင့်လာသည်ဟုထင်မှတ်ကြသောလေး စင်စစ်တွင် အကျည်းတန်သူ ပိုမလှလာပါ။
စိတ်ထားယုတ်ညံသူသည်စိတ်ထားမမွန်မြတ်လာဘူး။သဘောရိုးနှင့်ချစ်သူခင်မင်သူများလည်းမတိုးပွားလာပါ။
မနာလိုသူနှင့်မုန်းတီသူများကို တိုးပွားစေတယ် သူခိုး ဓာပြ၊ ခါးပိုက်နှိုက်များကို လက်ယပ်ခေါ်ကာ မိမိကို
အသက်စည်းစိမ်းကိုလောင်းတမ်းကစားနေသူနှင့်တူပါတယ်။
ထိုကြောင့် ထိုကျောက်မျက်ရတနာတိုသည် လောကတွင်အမှန်တကယ် အဖိုထိုက်တန်သော ရတနာအစစ်များ မဟုတ်ပါဘူး။
ရတနာအစစ်သည် ပန်ဆင်သူအားကျက်သရေမင်္ဂလာတိုးပွားစေရမည်။ လူချစ်လူခင် ပေါ်များစေရမည်
ကိုယ်စိတ်နှစ်ပါးကိုချမ်းသာလာစေရမည်။ဘ၀အခြေအနေကိုမြင့်မြတ်လာစေရမည်တမလွန်ဘ၀တွင်လည်း ကောင်းကျိုး
အဖြာဖြာကို ဆက်လက်ပေးဆောင်နိုင်ရမည်။ဦးဇင်းတို့မြတ်ဗုဒ္ဒသည်အဘယ်ကြောင့်အမြတ်ဆုံးဖြစ်သနည်း။
ဗုဒ္ဒသည် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းပတ်လုံးဖြည့်ကျင့်ခဲသောပါရမီတော်အဟုတ်ကြောင့် တောက်ဆုံးဘ၀တွင်အလုံးစုံသော တရားများကိုပိုင်းခြားသိမြင်နိုင်သောညဏ်တော်ကြီးကိုရရှိခဲပေသည်ဤညဏ်တော်၏အစွမ်းဖြင့်မည်သည့်ဒဿန ပညာရှင် မည်သည့်သိပံ ပညာရှင်တို့မှ ကြံဆလိုတွေခေါ် ဖော်ထုပ်နိုင်စွမ်းမရှိသောလောက၏
အမှန်တရားများကိုဗုဒ္ဒသည် ကိုယ်တိုင်သိမြင်ပြီးလျင်သတ္တ၀ဝေနေယျတို၏ အမှန်တရားများကို ဗုဒ္ဒသည်
ကိုယ်တိုင်သိမြင်ပြီးလျှင် သတ္တ၀ါဝေနေယျ တို့၏အကျိုးငှါ ဟောကြားတော်မူခဲပါသည်။ဗုဒ္ဒသည် ဘ၀၏
အဓိပယ် ဘ၀၏အကြောင်းအရာ၊ ဘ၀၏လွတ်မြောက်ကြောင်းနည်းလမ်းကောင်းများနှင့်တကွ
ဘ၀၏ပန်းတိုင်ဖြစ်သော ဒုက္ခအပေါင်းချုပ်ငြိမ်းရာ နိဗန်တရားကို ထင်ထင်ရှားရှား ညွန်ပြခဲရုံသာမက
ကုဋေပေါင်းများစွာသောလူနတ်ဗြဟ္မာတို့အားလည်းနိဗန်နန်းသို့ကြွမြန်းနိုင်ရန်စွမ်းဆောင်ပေးခဲတော်မူပါသည်။
ထိုကြောင့် မဟာဂန္ဒာရုံ ဆရာတော် အရှင် ဇနကာဘိဝံသ က…ဘုရားရှင်သော်မပွင့်ပေါ်လျှင်
လူတော်အများစိတ်ကောင်းလည်း၊ ဤကားကုသိုလ် အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀မသိရ၊ များလှအပြစ်တွေ။
ဘုရားရှင်သော်ပွင့်ထွန်းပေါ်၍၊ ဟောဖော်ညွန်ကြားမြတ်တရားကြောင့်၊ဤကားကုသိုလ် အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀သိကြရ၊များလှကျေးဇူးတွေ။ဟူ၍ထောက်ပြခဲတယ်ဓမ္မသည်အဘယ်ကြောင့်အမြတ်ဆုံးရတနာတစ်ါးဖြစ်သနည်း။။
မြတ်စွာဘုရားကောင်းစွာဟောကြားထားအပ်သော ဓမ္မတရားတော်မြတ်သည်၊သမုတိ မျှကိုသာမဟုတ်။
ပရမတ်သစ္စာ ဖြစ်သော ကုသိုလ် အကုသိုလ်၊ရုပ် နမ်၊ နိဗန်အထိ ဖွင့်ဆိုပြထား၏ ကျင့်ဆောင်သူတို့အား
ယခုဘ၀ပစ္စက္ခ၌ပင် ၊ ချမ်းသာသောအကျိုးများကို ဒိဌတွေမြင်ခံစားနျုငိသော ဂုဏ်နှင့်လည်းပြည်စုံပေ၏။
ကာလမရွေးဘဲ ကျင့်သည့်နေ့၌ပင် တွေမြင်ယုံကြည်နိုင်သော ကောင်းကျိုးချမ်းသာနှင့်လည်းပြည်စုံ၏။
အရသာအပေါင်းတို့တွင် အသာလွန်ဆုံးဖြစ်သော တရားအရသာကို ကိုယ်တိုင်သိရှိပြီးသူများသည်
ကာယသုခ၊ စိတ္တသုခနှစ်ဖြာကို ထ၀ရမြဲမြံစွာခံစားနိုင်သော၊ ဂုဏ်ထူးဝိသေသနှင့်လည်းပြည့်စုံပေ၏။
ဗုဒ္ဒဓမ္မသည်ဤဘ၀၌သာမဟုတ်၊ဘ၀အဆက်ဆက်အမြတ်ဆုံး ကောင်းကျိုးချမ်းသာကို ပေးဆောင်နိုင်စွမ်းသော ရတနာမြတ်ပေတည်း။
သံဃာသည် အဘယ်ကြောင့်အမြတ်ဆုံးရတနာတစ်ပါး ဖြစ်သနည်း။
မြတ်စွာဘုရား၏
တပည့်သာဝကများဖြစ်ကြသောရဟန်းသံဃာတော်များသည်အဓီသီလ၊အဓိစိတ္တအဓိပညာ
တည်ဟူသောသိက္ခာသုံးရပ်အကျင့်မြတ်ကို ကောင်းမွန်းဖြင့်မြတ်စွာ၊ရိုသေစွာကျင့်ဆောင်ကြသူများဖြစ်ကြသည့်အပြင်
တ၇ားတော်များကိုသန့်ရှင်းတည်တံ့ပြန့်ပွားအောင်ထိန်းသိမ်းဖြန့်ချိခဲကြသော၊ထိန်းသိမ်းဖြန့်ချိဆဲလည်းဖြစ်ကြသော
ပုဂ္ဂိုလ်များကြ၏။သံဃာတော်မြတ်သည် သီလဂုဏ်၊ သမာဓိဂုဏ် ၊ ပညာဂုဏ်တို့နှင့်ပြည်စုံသည်အတွက်
လူနတ်ဗြဟ္မာ တို၏လက်အုပ်ချီခြင်းနှင့် ပေးကမ်းလှူဒါန်းခြင်းတို့ကို ခံယူထိုက်ပေ၏၊။ သံဃာတော်သည်
အတုမရှိမြင့်မြတ်သောကုသိုလ်မျိုးကိုစိုက်ပျိုးချရာလယ်ယာမြေကောင်းသဖွယ်ဖြစ်သောဂုဏ်နှင့်ပြည်စုံတော်မူပါတယ်။ သံဃာတော်မြတ်သည်
လူနတ်အပေါင်းတို့အားအကြီးကျယ်ဆုံးသောအကျိုးကျေးဇူးများကို ပေးဆောင်နိုင်သောပုဂ္ဂိုလ်များဖြစ်သောကြောင့် လောက၌အမြတ်ဆုံးရတနာ တစ်ပါးဖြစ်ပါတယ်။
ဘ၀ကိစ္စ
ဃာရာဝါသကိစ္စများမြောင်လူတိုဘောင်တဲ့ ဆောင်ရွက်စရာဘ၀ကိစ္စများကိုကားတစ်သိန်းခြောက်သောင်းမက
ရှိပေလိမ့်မည်။ထိုဘ၀ကိစ္စပေါင်းတို့တွင်စားဝတ်နေရေးနှင့်သားေ၇းမယားရေးတို့ကိုဦးစားပေး၍ ဆောင်ရွက်ကြရသည် ။ ထိုနောက်ကြီးပွားချမ်းသာရေး ၊ ကျော်ဇော်ထင်ရှားရေး ၊ အခွင့်အဏာရရေးစသည် စသည် တိုကို ကိုယ်စွမ်းရှိသမျှ ဆက်လက်ကြိုးပမ်းကြရသည် ။ဤကိစ္စများကိုဆောင်ရွက်နေရုံမျှနှင့် ဘ၀ကိစ္စသည် ပြီးပြည်စုံပါပြီလော။ စည်းစိမ်ဥစ္စာ ၊ ရတနာရွှေငွေနှင့် ရာထူးအာဏာတို့သည် ဘ၀၏ ပျော်ရွှင်ချမ်းမြေ့မူကို တကယ်ပေးစွမ်းနိုင်ကြသလော ။ သူတကာတို့၏ချီးမွမ်းစကားနှင့် ထင်ပေါ်ကျော်ကြားမူတိုသည် ဘ၀ကိုအမှန်တယ်တင့်တယ်စေနိုင်သလော။စည်းစိမ်ဥစ္စာရာထူးအာဏာတို့သည်မတည်မြဲသောသခါင်္ရတရား ဖြစ်ကြသဖြင့် ဘ၀၏အနှစ်သာရများမဟုတ်ကြပါ။ သေလွန်သောအခါ မိမိနှင့်အတူ လိုက်ပါသွားနိုင်သော
တရားများလည်းမဟုတ်ကြပါ။ သေလွန်သောအခါ ထိုပစ္စည်းဥစ္စာရာထူး အာဏာတို့က တခြား၊
မိမိဘ၀သည် တခြားဟုသိလျှင်အလွန်နောက်သွား လေပြီ။ဟိမ၀န္တာတောင်ခြေရင်းဆင်စီးပြီးမြင်းရံလာသော
အိန္ဒိယရာဂျာ တစ်ဦးနှင့် လန်ကွက်တီတစ်ပိုင်းသာ လွမ်းပတ်ထားသည့်ဆာဒူးတစ်ဦးတို့ တွေ့ဆုံကြရာ
တစ်ဦးကိုတစ်ဦးပြုံးပြကြတယ်။ ရာဂျာကြီးကဤဆင်းရဲနွမ်းပါးလှသော ဆာဒူး၏ဘ၀နှင့် နှိုင်းစာလျှင်
မိမိ၏ဘ၀သည် အလွန်တရာပြည့်စုံလှပေ၏ဟု တွေး၍ ကျေနပ်ကာပြုံ၏။ ဆာဒူးက
ရာဂျာ၏စိတ်အကြံကိုသိပြီး ဤရာဂျာသည် ဘ၀၏အနှောင်အဖွဲဖြစ်သော ရာထူးဂုဏ်ဒြပ်တို့ကိ ဘ၀၏
အဆင်တန်ဆာဟု ထင်မှတ်ကာ ကျေနပ်နေရှာသည် ၊ သနားစရာသတ္တ၀ါပါကလားဟု တွေး၍ပြုံ၏၊
ထိုသူနှစ်ဥိးတိုတွင် မည်သူ၏ဘ၀သာလွန်မြင်မြတ်လေသနည်း။
ဘ၀၏ တန်ဖိုကိုဖြတ်ရာ၌ကမ္ဘာစာဆိုကြီးများ ချီးမွမ်းအံ့သြရသော မြန်မာကဗျာတစ်ပုဒ်ကို သင်သိပါသလား
ထိုကဗျာသည် အနန္တသူရိအမတ်အား သတ်အံ့ဆဲဆဲတွင် အမတ်ကြီးက မတုန်မလှုပ်မချောက်မချားဘဲ
တည်တည်ငြိမ်ငြိမ်ရေးစပ်သွားခဲသည်။ သံဝေဂကဗျာပင်တည်း။
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မာတာတည်း
၊ရွှေအိမ်နန်းနှင့်၊ကြငှန်းလည်းခံ၊မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊မင်းစည်းစိမ်းကားသမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတည်သည့် ရေပွက်ပမာ၊ တစ်သက်လျာတည်း၊သင်၏ဘ၀ ပျော်ရွှင်ချမ်းသာရေးအတွက်
အခြားသူတစ်ဦးကိုမျက်ရည်မကျပါစေနှင့်၊ေ၇ွှအိမ်ရွှေနန်းနှင့် ပျော်ရွှင်စွာခံစားရသောမင်းစည်းစိမ်းဆိုသည်မှာ
ခဏတစ်ဖြုတ်သာ တင့်တယ်ပါ၏။ ဘ၀တစ်သက်တာဆိုသည်မှာ ရေပွက်ကလေးတစ်ပွက်မျှလောက်သာ
ရှည်ကြာသည်ကိုသတိမမေ့ပါလေနှင့်။သူတော်သူမတ်တို့၏ဥစ္စာအစစ်ကားဓနစည်းစိမ်၊ရာထူးဂုဏ်သိန်းများမဟုတ်ပါ။
သဒ္ဒါ , သီလ,သုတ, စာဂ, ပညာ, ဟီရိ, သြတ္တပ တို့တည်း ။
ဤဘ၀တွင် ပြုကျင့်ထိုက်သော ဘ၀ကိစ္စကား သမ္မပဓာန်တရားလေးပါးတည်း ။ ထိုလေးပါးကား
ဖြစ်ပြီးသောအကုသိုလ်များကို ပယ်နိုင်အောင်အားထုပ်ခြင်း၊ မဖြစ်သေးသောအကုသိုလ်များကိုမဖြစ်အောင်
တာဆီးခြင်း၊ မဖြစ်သေးသော ကုသိုလ်များကို ဖြစ်ပွားအောင် အားထုပ်ခြင်းနှင့် ဖြစ်ပြီးသောကုသိုလ်များကို တိုးပွားအောင်အားထုပ်ခြင်းတို့တည်း။
အကုသိုလ်တရားမဖြစ်ပွားအောင်တားဆီသည်နည်းမှာဒုစရိုက်ဆယ်ပါးကိုမကျုးလွန်အောင် ရှောင်ကြည်ခြင်းဖြစ်၏
ထိုသို့ ရှောင်ကြည်ခြင်းသည်ပင် ကောင်းသောအကျင့်သုစရိုက်ဖြစ်၍သီလအလုပ်ထူညမတ်သောကုသိုလ်ကိုပွားများစေ၏
။အလှူဒါနပေးခြင်း။သူတစ်ပါးအားအကူအညီပေးခြင်း။ကုသိုလ်ရေးကိစ္စများတွင်ပါဝင်ဆောင်ရွက်ခြင်းတိုသည်းလည်း လောဘတရားကိုခေါင်းပါးစေပြီး ကုသိုလ်တရားကိုပွားများစေကြ၏ ။
သမထဘ၀နာ။ဝိပဿနာဘ၀နာတိုကိုပွားများခြင်းကားကိလေသာတရားအပေါင်းကို ခေါင်းပါးစေပြီး
အလွန်ကြီးကျယ်သော ကုသိုလ်များကိုဖြစ်စေ၏ဗုဒ္ဒဘာသာနည်းဖြင့်ကုသိုလ်ပြုလုပ်ခြင်းသည်
ပိုက်ဆံတစ်ပြား တစ်ချပ်မျှ ကုန်စရာမလိုပါ။ စားဝတ်နေရေး၊ ပညာရေးနှင့် လူမူရေး
ကိစ္စများကို ဆောင်ရွက်နေရင်တွင်ပင် သီလကုသိုလ်နှင့် ဘ၀နာ ကုသိုလ်တို့ကို ဆောင်ရွက်ဥွားနိုင်ပါ၏။
စိတ်စေတနာကိုပင် ကုသိုလ်ကံ အကုသိုလ်ကံဟုခေါ်ဆိုရသဖြင့် စိတ်ထားတက်လျှင် အမြဲတစေ
ကုသိုလ်များဖြစ်ပေါ်နေပြီး စိတ်ကောင်းမထားတက်လျှင် အကုသိုလ်များ ဒလဟော ပွားများနေပေတော့မည်
။ ထိုကြောင့်ဘ၀ကိစ္စများသည် စိတ်ထားတက်အောင် နေတက်အောင် ကုသိုလ်ပွားများ ကျင့်ကြံနေထိုင်ခြင်းပင် ဖြစ်ပါသည်။
ဘ၀ပန်းတိုင်း။
ပရမာအဏုမြူကလေးများ ပေါင်းစု၍ ဖြစ်ပေါ်လာကြသော ရုပ်တရားများသည်လည်းကောင်း၊
အကြောင်းတရားများပေါင်းစုံ၍ ဖြစ်ပေါ်လာကြသော နမ်တရားများသည်လည်းကောင်း၊ မြင့်ရှည်ကာလ
မတည်မြဲကြဘဲ ခဏဖြစ်၍ ခဏပျက်နေသည့်သဘောကို သင် ထင်ရှားစွာသိပါလျှင် စီပွားချမ်းသာခြင်းသည်
ဘ၀ပန်းတိုင်မဟုတ်၊ရာထူးအာဏာကြီးမားခြင်းသည်ဘ၀ပန်တိုင်မဟုတ်ဟုသင်တစ်ထစ်ချဆုံးဖြတ်နိုင်လိမ်မည်
ဖြစ်သည်။ထိုသို့ဆိုရင် ဘ၀ပန်းတိုင်ရှိပါသေးသလောဟု သင်မေးမြန်းလိုပေလိမ်မည်။ ရှိပါသည်။
စည်းစိမ်ဥစ္စာ၊ရာထူးအာဏာနှင့်ကျော်စောမူတို့သည်ဘ၀ပန်းတိုင်အစစ်များမဟုတ်ကြသည်ကိုသင်နားလည်လိုက်လျှင်ပင်
သင်၏စိတ်သည် လွန်စွာချမ်းသာသွားပေလိမ့်မည်။
ဘ၀၏ပထမပန်းတိုင်သည် ဘ၀၏တန်ဖိုးကို တိုးတက်လာအောင် လုပ်ဆောင်ခြင်းပင်ဖြစ်၏။ ဘ၀၏
တန်ဖိုးအမှန်ကို ဒါန သီလ၊ ဘာဝနာ တို့ဖြင့် တိုင်းတာရမည်ဖြစ်ရာ လူတစ်ယောက်သည် ဥစ္စာကုဠေများစွာ
ကြွယ်ဝနေစေကာမူ ဒါန ကုသိုလ်များမပြုလျှင်၊ မည်သည့်ကုသိုလ်မှ မပြုလုပ်လျှင် ထိုသူ၏ဘ၀တန်ဖိုးသည် သုညသာဖြစ်ပေလိမ်မည်။
ဘ၀ကုန်ဆုံး၍စာရင်းချုပ်လိုက်သောအခါုကုသိုလ်တရားထက်အကုသိုလ်တရားကပိုများလျှင်ဤဘ၀တွင်အရှုံးပေါ်လေပြီဟုမှတ်ပါလော့။
မှိုင်းတိုက်ထားသော မီးပုံးပျံသည် မှိုင်းခိုး၏ အစွမ်းအားးဖြင့်အထက်သိုပျံတက်သွားနိုင်သောလည်း
မှိုင်းခိုးကုန်သောအခါ အောက်သို့ ပြန်ကျလာရသည်နည်းတူ ရှေးဘ၀တစ်ခုပြုလုပ်ခဲသော
ကုသိုလ်အစွမ်းကြောင့် ယခု လူဘ၀ကိုရရှိထားရာ ထိုကုသိုလ်ကံ အဟုန်ကုန်လျှင် အောက်ဘုံဌာနသို့
ပြန်ကျသွားနိုင်သည်။ သတ္တ၀ါ၏လားရာဂတိများကို မြင်နိုင်စွမ်းရှိသော ဗုဒ္ဒသည် အပါယ်လေးဘုံ သည်သာ သတ္တ၀ါတို့၏ ထာဝရနေအိမ်ဖြစ်သည်ဟု မြွက်ကြားတော်မူ၏။
သေသေချာချာစဉ်းစားပါလေ။သတ္တတို့၏ထ၀ရနေအိမ်သည်အပါယ်လေးဘုံဖြစ်သည်။လူဘုံသို့ရောက်လာခြင်းသည် ခေတ္တခဏ
အလည်လာခြင်းဖြစ်သည်။ လူဘုံ၌ ဗုဒ္ဒ၏မြတ်တရားကို မသိမြင်ပါက ကာမဂုဏ်အာရုံကိုပင်
အကောင်းထင်၍ ကာမဂုဏ်နောက်သို့ လိုက်ပါမိမည်မလွဲတည်း။ ထိုအခါ လူဘ၀မှစုတေလျှင် အပါယ်ဘုံသို တန်းသွားရပေတော့မည်။
အပါယ်လေးဘုံတွင် လူနှင့်နီးကပ်သော တိရိစ္ဆာန်ဘုံတစ်ခုတည်းကိုပင် စဉ်စားကြည်ပါဦး။
ဤကမ္ဘာတွင်လူသန်းပေါင်း ငါးထောင်ရှိသည့်ကို အလွန်များမြောင်လှ၏ဟု ထင်မှတ်ကြ၏။ ခြအုံတစ်အုံမှ
ခြကောင်ဦးရေ၊ပုရွက်ဆိတ်အုံတစ်အုံမှပုရွက်ဆိတ်ကောင်ရေ၊သမုဒ္ဒရာထဲမှ၊ငါးဦးရေတိုနှင့် နှိုင်းစားကြည့်လျှင်
လူဦးရေမှာ ဘာမျှမပြောပလောက်ချေ။တစ်ဖန် တိရစ္ဆာန်ဘ၀တွင် အသိညဏ် မရှိ ၊ ကုသိုလ်
အကုသိုလ်ကိုမသိ၊ ကောင်းသောစိတ်ထားရမှန်းလေးမသိ၊ စား အိပ် နေ ကိစ္စလောက်မျှသာ
သိနားလည်သဖြင့် ကုသိုလ်တရားကိုပွားများရန် အခွင့်အလမ်းလုံးဝမရှိချေ။ ထိုကြောင့် တိရစ္ဆာန်ဘ၀မှ
လူဘ၀သို့ တစ်ဖန်ကူးပြောင်းလာရန်မှာ မိုးပေါ်မှ ပစ်ချလာသော အပ်ချည်က မြေပြင်ပေါ်ရှိ အပ်နဖားတွင်
စွပ်ဝင်နိုင်ရေးထက်ပင် ပို၍ခက်ခဲနေပါတော့၏။
ထိုကြောင့် အပါယ်ဘုံသို့ မကျရောက်ေ၇းသည် မိမိလက်ရှိဤဘ၀၏ အဓိကအရေးဖြစ်၏။
ဒါနကုသိုလ်နှင့် သီလကုသိုလ်တို့သည် ကောင်းရာသုဂတိဘုံသို ပို့ဆောင်တက်ကြသော်လည်း
ကြီးလေးသည် အကုသိုလ်ကံများရှိခဲလျှင် အပါယ်ဘုံသို့မကျရောက်အောင် မတာဆီနိုင်ချေ။
အပါယ်တံခါးကို ထ၀ရပိတ်ထားနိုင်ကုသိုလ်အစွမ်းမှာ ၀ိပဿနာကုသိုလ်အစွမ်းပင်ဖြစ်ပါတယ်။
သို့ဖြစ်၍ ဤဘ၀၌ ဒုတိယပန်းတိုင်သည် ၀ိဿနာဘ၀နာပွားများခြင်းဖြင့် အပါယ်တံခါးကို
ပိတ်ထားနိုင်ရေးပင်ဖြစ်ပါ၏၊ ဘ၀၏အဆုံးစွန်သောပန်းတိုင်မှာ ဒုက္ခ အပေါင်းချုပ်ငြိမ်းရာ
ဘ၀လွတ်မြောက်ရာ ထ၀ရအေးချမ်းရာ သန္တိသုခ ချမ်းသာအစစ် ဖြစ်သည့် နိဗန်ကို မဂ်ညဏ်
ဖိုညဏ်ဖြင့်မျက်မှောက်ပြုနိုင်ရေးပင်ဖြစ်ပါသည်။
No comments:
Post a Comment