Thursday, 28 July 2011

သင်သည် ပန်းတိုင်ရှိသူ တစ်ယောက်ဆိုရင်....

သင့်မှာ မွေးသည်မှ သေသည်အထိ နေသွားရမည့် တိုတောင်းသော ဘဝ လေးတစ်ခုရှိသည်။ ထိုဘဝသည် 

အညံ့စားပန်းချီဆရာ၏ ပန်းချီကားတစ်ချပ်လို မထင်မရှားလည်း ပျောက်ကွယ်သွားနိုင်၏။       ဒါဗင်ချီ၏ 

မိုနာလီဇာ ပန်းချီကား၊       ဒိုဒင်၏ တွေးတောသူ ပန်းပုရုပ်များကဲ့သို့လည်း အံ့သြကြီးကျယ်သွားနိုင်ပါသည်။

ဘယ်လိုဖြစ်ချင်သလေး ဟူသည်  သင့်အပေါ်၌ မူတည်ပါ၏။   သင်ပိုင်ဆိုင်သည့် တစ်ခုတည်းသော 

ဤဘဝကို တစ်ကြိမ်တစ်ခါတည်းသာ ဖန်တီးတည်ဆောက်ခွင့် ရှိသည်။ ဘယ်လိုမျိုးဘဝကို သင် တည်ဆောက် ပါမည်လဲ ???



မိမိကိုယ်ကို လေးစားသူ၊ မိမိဘဝကို တန်ဖိုးထားသူ ဆိုလျှင်ကား မိမိ၏ တစ်ခုတည်းသော ဘဝကို အကြီးအကျယ် အခမ်းနားဆုံး၊ အပီပြင် အပြောင်မြောက်ဆုံး ဖြစ်အောင် ဖန်တီးတည်ဆောက်ပေလိမ့်မည်။

အပြောင်မြောက်ဆုံး ဘဝတစ်ခုကိုတည်ဆောက်ရန်အတွက်
  1. တစ်နေ့သောအခါ မိမိဘာဖြစ်လာရမည်ဟူသော ရည်မှန်းချက်၊
  2. ယင်းအတိုင်းမဖြစ် ဖြစ်အောင် တည်ဆောက်မည်ဟူသော ခိုင်မာပြတ်သားသည့်  စိတ်ဓာတ်၊
  3. အခက်အခဲကို ရင်ဆိုင်ရဲသည့် သတ္တိ၊
  4. မိမိဘာသာ ချမှတ်ထားသည့် လမ်းကြောင်းမှယိမ်းယိုင် သွေဖည်မသွားရအောင် ထိန်းသိမ်းနိုင်သည့် သမာဓိ
    စသည့် အရည်အသွေးများ သာ လိုအပ်သည်။

ဥာဏ်အမြော်အမြင်မရှိ၊ စိတ်ဓာတ်ကြံ့ခိုင်မှု နတ္ထိဖြစ်ကာ တစ်ခုတည်းသော ဘဝကို လှလှပပ 

တည်ဆောက်ရမည်ဟူသော အသိတရားကလည်း ကင်းမဲ့နေမည် ဆိုလျှင်ကား ရတောင့်ရခဲသော ဘဝ 

တစ်ခု အချည်းအနှီး အလဟဿ ဆုံးပါးသွားရပါချေမည်။

တက္ကသိုလ် မောင်သစ်...။  သင့်ရဲ့ ဆုံးဖြတ်ချက်သည်  သင့်အပေါ်မှာသာ  ဦတည်ပါလိမ်မည်............

No comments:

Post a Comment